မြန်မာနိုင်ငံတော်အစိုးရသည် သတ္တုတူးဖော်ရေးကဏ္ဍ၌ တာဝန်ယူမှုရှိသောရင်းနှီးမြှုပ်နှံမှု (Responsible Investments)များ ပိုမိုဝင်ရောက်လာစေရန် အားပေးဆောင်ရွက်လျက်ရှိပါသည်။ရင်းနှီးမြှုပ်နှံသူများအနေဖြင့် သဘာဝ သယံဇာတများ ရှာဖွေစမ်းသပ် တူးဖော်ရာတွင် နိုင်ငံတကာ လုပ်ထုံးလုပ်နည်းများနှင့်အညီ လုပ်ဆောင်ကြရန်လိုအပ်ပါ သည်။ သတ္တုတူးဖော်ရေးလုပ်ငန်းများတွင် တာဝန်ယူမှုရှိသောရင်းနှီးမြှုပ်နှံမှု(Responsible Investments) ဖြစ်စေရန် အတွက် ဒေသခံပြည်သူ များ၏ အသက်မွေးဝမ်းကျောင်းမှု၊ သဘာဝပတ်ဝန်းကျင်၊ လူမှုရေး စသည်တို့အပေါ် အကျိုး သက်ရောက်နိုင်မှုကို ထည့်သွင်းစဉ်းစားရမည်ဖြစ်သကဲ့သို့ လုပ်ငန်းလုပ်ကိုင်နေသောဒေသ၏ နိုင်ငံရေးဘော ဂဗေဒဆိုင်ရာ အခြေအနေများကိုလည်း ထည့်သွင်းစဉ်းစားရန်လိုအပ်ပါသည်။ မြန်မာနိုင်ငံသည် Extractive Industries Transparency Initiative-EITI အဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်နိုင်ရန် လျှောက်ထားဆောင်ရွက်လျက်ရှိသည့် နိုင်ငံတစ်ခုလည်းဖြစ်ပါသည်။

သတ္တုတူးဖော်ရေး (တွင်းထွက်/ရေနံနှင့်သဘာဝဓာတ်ငွေ့) အဓိကအခွင့်အလမ်းများ

ဆက်သွယ်ရန်လိပ်စာ