
စစ်ကိုင်းတိုင်း ဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၇/၂၀၂၃) ကြိမ်မြောက်
အစည်းအဝေး
စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၇/၂၀၂၃)
ကြိမ်မြောက်
အစည်းအဝေးကို ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၃ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌ ကျင်းပပြုလုပ် ခဲ့ပါသည်။
အစည်းအဝေးသို့
စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊
စစ်ကိုင်း တိုင်းဒေသကြီးအစိုးရအဖွဲ့
ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ ကော်မတီအဖွဲ့ဝင်များနှင့် အထူးဖိတ် ကြားထားသည့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးတွင်
စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီသည် ရာခိုင်နှုန်းပြည့်
မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုဖြင့် ဆန်စပါးကြိတ်ခွဲ
သိုလှောင်ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်း ဆောင်ရွက်ခွင့်ပြုပါရန် တင်ပြလာခြင်းအပေါ်
ဆွေးနွေးခဲ့ကြပါသည်။