စစ်ကိုင်းတိုင်းဒေသကြီးတွင် ရင်းနှီးမြှုပ်နှံမှုဆောင်ရွက်နိုင်မည့် ဟိုတယ်နှင့်ခရီးသွားကဏ္ဍ

(၁) ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း၏ စီမံကိန်းဆိုင်ရာ အဓိကအချက်အလက်များ

(က) စီမံကိန်းတည်နေရာ

စစ်ကိုင်းတိုင်းဒေသကြီးသည် တိုင်းဒေသကြီး/ ပြည်နယ် များတွင် ရှမ်းပြည်နယ်ပြီးလျှင် ဒုတိယဧရိယာအကျယ်ဝန်းဆုံး တိုင်းဒေသကြီး ဖြစ်ပါသည်။ တိုင်းဒေသကြီးအတွင်း ခရီးသွားလုပ်ငန်း စနစ်တကျဖွံ့ဖြိုးတိုးတက်စေရန် အောက်ပါ ခရီးသွားဇုန်(၆) ဇုန် သတ်မှတ်ထားရှိပါသည်။

  • (၁) စစ်ကိုင်းဇုန်
  • (၂) မုံရွာဇုန်
  • (၃) ရွှေဘိုဇုန်
  • (၄) ကလေးဇုန်
  • (၅) ကသာဇုန်
  • (၆) ခန္တီးဇုန်

(ခ) စီမံကိန်းဆိုင်ရာအချက်အလက်များ

  • (၁) ဟိုတယ်နှင့်အပန်းဖြေစခန်းများတည်ဆောက်၍ဝန်ဆောင်မှုပေးခြင်း လုပ်ငန်း
  • (၂) ခရီးသည်ပို့ဆောင်ရေးနှင့် ရှုခင်းကြည့်ခရီးသည်ပို့ဆောင်ရေး ဝန်ဆောင်မှု လုပ်ငန်း
  • (၃) သဘာဝအခြေခံခရီးသွားလုပ်ငန်းများအားဖွံ့ဖြိုးတိုးရန် ရင်းနှီးမြှုပ်နှံမှု ဆောင်ရွက်နိုင်ပါသည်။

(၂) ပါဝင်မည့်လုပ်ငန်းစီမံကိန်းများ

(က) စစ်ကိုင်းဇုန်

စစ်ကိုင်းမြို့သည် တံတားဦး အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ မော်တော်ယာဉ်ဖြင့် (၂၀)မိနစ်ခန့်သာကြာ မြှင့်မည်ဖြစ်ပါသည်။ စစ်ကိုင်း မြို့တွင် ပြည်တွင်း/ပြည်ပ ခရီးသွားများ တည်းခိုနိုင်ရန် ဟိုတယ်(၇)လုံးနှင့် ပြည်တွင်းခရီး သွားများတည်းခိုနိုင်သည့် စည်ပင် လိုင်စင်ရတည်းခိုခန်း(၃၈)လုံး ရှိပါ သည်။ စစ်ကိုင်းမြို့တွင် ညအိပ်တည်းခိုပြီး မန္တလေးမြို့ရှိ အမရပူရ၊ ဦးပိန်တံတားနှင့် မဟာမြတ်မုနိဘုရား ကြီးများသို့လည်း မော်တော်ယာဉ်ဖြင့် (၃၀)မိနစ် အတွင်းသွားရောက်နိုင်သလို စစ်ကိုင်းမြို့ရှိ အထင်ကရ စစ်ကိုင်းတောင်နှင့် ရှေးဟောင်းဘုရားပုထိုး ခရီးစဉ် (၁၀)နေရာကို သွားရောက်လည်ပါတ် နိုင်ပါသည်။

စစ်ကိုင်းဇုန်မှ ဆက်စပ်ပြီး ရွှေဘိုဇုန်၊ မုံရွာဇုန်၊ ကသာဇုန်တို့ရှိ ခရီးစဉ်နေရာများကို လည်း(၂)ညအိပ်(၃)ရက်ခရီးဖြင့် စုံလင်စွာ သွားရောက်လည်ပတ်နိုင်ပါသည်။

စစ်ကိုင်းဇုန်မှ ဆက်စပ်ပြီး ရွှေဘိုဇုန်၊ မုံရွာဇုန်၊ ကသာဇုန်တို့ရှိ ခရီးစဉ်နေရာများကို လည်း(၂)ညအိပ်(၃)ရက်ခရီးဖြင့် စုံလင်စွာသွားရောက်လည်ပတ်နိုင်ပါသည်။ တံတားဦး အပြည်ပြည်ဆိုင်ရာလေဆိပ်မှလည်းကောင်း၊မုံရွာလေဆိပ်မှလည်းကောင်း လေယာဉ်ခရီးစဉ်ဖြင့် ခန္တီးဇုန်ရှိ ခရီးစဉ်(၆)နေရာကို လေ့လာနိုင်ပါသည်။

ခရီးသည်ပို့ဆောင်ရေးနှင့် ရှုခင်းကြည့်ခရီးသည်ပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်း များကို အောက်ပါမြစ်ကြောင်းခရီးစဉ်များတွင် ရင်းနှီးမြှုပ်နှံပါသည်-

  • စစ်ကိုင်း/ မင်းကွန်း/ နွယ်ငြိမ်း/ ကသာ မြစ်ကြောင်းခရီးသွား
  • စစ်ကိုင်း/ မြင်းမူ/ မြောင်/ မုံရွာ မြစ်ကြောင်းခရီးသွား
  • မုံရွာ/ မင်းကင်း/ ကလေးဝ/ မော်လိုက်/ ဟုမ္ပလင်း/ ခန္တီး မြစ်ကြောင်းခရီးသွား

သဘာဝအခြေခံခရီးသွားလုပ်ငန်းကိုလည်း အောက်ပါဒေသများတွင် ရင်းနှီးမြှုပ်နှံနိုင်ပါသည်။

ဇလုံတောင်ဒေသ

ဇင်းတောင်လင်းနို့ဂူ ၊ ဘူမိထူးခြားလေ့လာရေးစခန်းနှင့် အပန်းဖြေစခန်း

သဘာဝအခြေခံခရီးသွားလုပ်ငန်းကိုလည်း အောက်ပါဒေသများတွင် ရင်းနှီးမြှုပ်နှံနိုင်ပါသည်။

အလောင်းတော်ကဿပအမျိုးသားဥယျာဉ်

ချပ်သင်း၊ ရွှေသမင်ဥယျာဉ်

သဘာဝအခြေခံခရီးသွားလုပ်ငန်းကိုလည်း အောက်ပါဒေသများတွင် ရင်းနှီးမြှုပ်နှံ နိုင်ပါသည်။

ထမံသီတောရိုင်းတိရိစ္ဆာန်ဘေးမဲ့တော

ကနန်းဒေသခရီးစဉ်

နာဂ၊ လေရှီးဒေသ ခရီးစဉ်