မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှုကဏ္ဍအလိုက် ခွင့်ပြုပြီး လုပ်ငန်းများ

စစ်ကိုင်းတိုင်းဒေသကြီး စီးပွားရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်လာစေရန်အလို့ငှာ သက်ဆိုင်ရာ ကဏ္ဍအလိုက် ရင်းနှီးမြှုပ်နှံလိုသူ စီးပွားရေးလုပ်ငန်းရှင်များအား စစ်ကိုင်းတိုင်းဒေသကြီးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ လှိုက်လှဲနွေးထွေးစွာ ကြိုဆိုပါတယ်။

အိမ်ယာ အဆောက်အဦး တည်ဆောက် ဖွံ့ဖြိုးမှုလုပ်ငန်း

စက်မှုလုပ်ငန်း

ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း

သယ်ယူ ပို့ဆောင်ရေး လုပ်ငန်း

သတ္တု တူးဖော်ရေး လုပ်ငန်း

ဆောက်လုပ်ရေး လုပ်ငန်း

စက်မှုဇုန် တည်ဆောက်မှု လုပ်ငန်း

မွေးမြူရေးနှင့် ရေလုပ်ငန်း

လယ်ယာလုပ်ငန်း

လျှပ်စစ်ဓါတ်အား လုပ်ငန်း

တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့အကြားတွင် အဓိက ကုန်သွယ်မှုဗဟိုအဖြစ် တည်ရှိခြင်း၊ သဘာဝ သယံဇာတ ပေါများစွာရှိခြင်း၊ အာရှ၏ ကောက်ပဲသီးနှံပေါများရာ ဒေသတစ်ခုဖြစ်ခြင်း စသည့်အချက်များသည် မြန်မာနိုင်ငံ၏ အခွင့်အလမ်းတစ်ခု ဖြစ်ပါသည်။ ထို့ပြင် ဆန်စပါး၊ ပဲ၊ ပြောင်းနှင့် အခြား သီးနှံများ ထွက်ရှိရာတွင် ကမ္ဘာ့အဆင့် ဦးဆောင်သူအနေဖြင့် ရှိနေခြင်း၊ နိုင်ငံ၏ဧရိယာတစ်ဝက်နီးပါးအား သစ်တောများဖြင့် ဖုံးလွှမ်းနေခြင်း၊ မြေပြင်တွင် ကျောက်မျက်သယံဇာတ၊ ရေနံနှင့် သဘာဝဓါတ်ငွေ့ပေါများသကဲ့သို့ သားငါး ပေါများသည့် မြစ်ချောင်း ပင်လယ်ပြင်တို့ ဝန်းရံနေခြင်း တို့သည်လည်း မြန်မာနိုင်ငံအား အခွင့်အလမ်းနယ်မြေတစ်ခုအဖြစ် ဖန်တီးပေးထား ပါသည်။

မြန်မာနိုင်ငံအနေဖြင့် လက်ရှိဆောင်ရွက်နေသည့် နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့်အတူ ပြည့်စုံကောင်းမွန်သော စီးပွားရေးအလားအလာသို့ ရောက်ရှိနေပြီ ဖြစ်ပါသည်။ ဤအချက်များကို အခြေခံ၍ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံခြင်းဖြင့် ပိုမိုလွယ်ကူပြီး အကျိုးအမြတ်များစွာ ရရှိနိုင်မည် ဖြစ်ပါသည်။

ဆက်သွယ်ရန် လိပ်စာ