သတ္တုကဏ္ဍ

(၁) ရင်းနှီးမြှုပ်နှံမှုလိုအပ်နေသည့် စီမံကိန်း၏ အဓိက အချက်အလက်များ

  • (က) စီမံကိန်းအမည်
  • ဘိလပ်မြေစက်ရုံတည်ဆောက်ခြင်း
  • (ခ) တည်နေရာ
  • စစ်ကိုင်းတိုင်းဒေသကြီး
  • ကလေးမြို့နယ်၊ အင်ဒိုင်းကြီးဒေသ
  • ကနီမြို့နယ်၊ တွင်းတောင်ဒေသ
  • ဘုတလင်မြို့နယ်၊ တွင်းတောင်ဒေသ

ကလေးမြို့နယ်၊ အင်ဒိုင်းကြီးဒေသရှိ ထုံးကျောက်ထွက်ရှိရာ တည်နေရာပြမြေပုံ

ရည်ညွှန်းချက်

  • 84-I/3&4 – (၆၂၈၇၅၀)ဝန်းကျင်
  • ဧရိယာ – ၂၄၇၀ ဧက
  • သတ္တုသိုက်ပမာဏ – ၃၇၉ သန်း

ကနီမြို့နယ်၊ တွင်းတောင်ဒေသရှိ ပိုဇိုလန် ထွက်ရှိရာ တည်နေရာပြ မြေပုံ

ရည်ညွှန်းချက်

  • 84-K/3 – (၃၃၈၀၆၄)ဝန်းကျင်
  • သတ္တုသိုက်ပမာဏ – ၁၃၁ သန်း

ဘုတလင်မြို့နယ်၊ တွင်းတောင်ဒေသရှိ ပိုဇိုလန် ထွက်ရှိရာ တည်နေရာပြ မြေပုံ

ရည်ညွှန်းချက်

  • 84-N/3 – (၃၈၀၁၂၅)ဝန်းကျင်
  • သတ္တုသိုက်ပမာဏ – ၃၅ သန်း
  • 84-N/3 – (၄၁၄၁၄၆)ဝန်းကျင်
  • သတ္တုသိုက်ပမာဏ – ၃၃၄ သန်းခန့်

(၂) စီမံကိန်းဆိုင်ရာ အချက်အလက်များ

ကလေးခရိုင်၊ ကလေးမြို့နယ်၊ အင်ဒိုင်းကြီးဒေသတွင် မြေဧရိယာ အကျယ်အဝန်း(၂၄၇၀) ဧကခန့်၊ ထုံးကျောက်သတ္တုသိုက်ပမာဏ တန်ချိန် (၃၇၉)သန်း ရှိရာ ဘိလပ်မြေစက်ရုံတည်ဆောက်ခြင်းလုပ်ငန်းနှင့် ကနီမြို့နယ်၊ တွင်းတောင်ဒေသတွင် ပိုဇိုလန် သတ္တုသိုက်ပမာဏ တန်ချိန်(၅၀၀) သန်းခန့် နှင့် ဘုတလင်မြို့နယ်၊ တွင်းတောင်ဒေသတွင် ပိုဇိုလန် သတ္တုသိုက်ပမာဏ တန်ချိန်(၃၃၄)သန်းခန့် ရှိသည့်အတွက် (ဘိလပ်မြေ၊ လမ်းခင်းကျောက်၊ ဆည်တည်ဆောက်ရေး) လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံနိုင်ပါသည်။

(၃) ရရှိနိုင်သည့်အရင်းအမြစ်များ

စီမံကိန်းလုပ်ငန်းအတွက် လိုအပ်သော လျှပ်စစ်ဓာတ်အား ရရှိနိုင်ပါသည်။

(၄) ကန့်သတ်အရင်းအမြစ်

(၅) စီမံကိန်းကာလ

ရင်းနှီးမြှုပ်နှံသည့်လုပ်ငန်းရှင်နှင့်ညှိနှိုင်းဆောင်ရွက်ရန် ဖြစ်ပါသည်။

(၆) လျာထားသည့်စီမံကိန်းဘတ်ဂျက်

လုပ်ငန်းဆောင်ရွက်နိုင်သည့်မြေနှင့်ရင်းနှီးမြှပ်နှံမှု လုပ်ငန်းစဉ်ပေါ် မူတည်၍ သတ်မှတ်ရန်ဖြစ်ပါသည်။

(၇) လိုအပ်သော ရင်းနှီးမြှုပ်နှံမှုနှင့် ရင်းနှီးမြှုပ်နှံမှုနိုင်မည့် ပုံစံ

ပြည်တွင်းရှိနိုင်ငံသား လူပုဂ္ဂိုလ်တစ်ဦးဦး(သို့မဟုတ်) နိုင်ငံသားပိုင်လုပ်ငန်းတစ်ခုခု နှင့် ဖက်စပ်ရင်းနှီးမြှုပ်နှံမှုဖြင့် ဆောင်ရွက်နိုင်ပါသည်။

(၈) အကျိုးရလဒ်များ

  • မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေအရ-
  • (က) ကလေးမြို့နယ်၊ ကနီမြို့နယ်နှင့် ဘုတလင်မြို့နယ်တို့တွင် ရင်းနှီး မြှုပ်နှံပါက ဝင်ငွေခွန် ကင်းလွတ်ခွင့် (၇)နှစ် လျှောက်ထားနိုင်ပါသည်။
  • (ခ) စက်ပစ္စည်းနှင့် စက်ကိရိယာများ တင်သွင်းခြင်းအတွက် အကောက်ခွန်ကင်းလွတ်ခွင့် လျှောက်ထားနိုင်ပါသည်။
  • (ဂ) လုပ်ငန်းမှရရှိသော အမြတ်ငွေပေါ်တွင် ပြန်လည်ရင်းနှီးမြှုပ်နှံလျှင် ထိုအမြတ်ငွေပေါ် ဝင်ငွေခွန်ကင်းလွတ်ခွင့် (သို့မဟုတ်) သက်သာခွင့် လျှောက်ထားနိုင်ပါသည်။
  • (ဃ) ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းဆိုင်ရာ သုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ကုန်ကျစရိတ်ကို အခွန်စည်းကြပ်ထိုက်သော ဝင်ငွေမှ နုတ်ပယ်ခွင့် ရရှိမည် ဖြစ်ပါသည်။
  • (င) ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းပေါ်မူတည်၍ မြေအသုံးချခွင့်ရရှိရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကူညီဆောင်ရွက်သွားမည် ဖြစ်ပါသည်။

(၉) ရည်မှန်းချက် ပြည့်မီခဲ့သော စီမံကိန်းများ

(၁၀) အခြားအချက်အလက်များနှင့် ဆက်သွယ်ရန်

  • အမည်- ဦးအောင်နိုင်၊ တိုင်းဦးစီးမှူး
  • Phone – 09-777607535

ဆက်သွယ်ရန် လိပ်စာ