စစ်ကိုင်းတိုင်းဒေသကြီး၊ BOT စနစ်ဖြင့် လမ်းများ တည်ဆောက်ခြင်း လုပ်ငန်းများ

(၁) ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း၏ စီမံကိန်းဆိုင်ရာ အဓိကအချက်အလက်များ

(က) စီမံကိန်းတည်နေရာ

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း လမ်းများ တည်ဆောက်ခြင်း၊

(ခ) စီမံကိန်းဆိုင်ရာအချက်အလက်များ

  • (၁) သက္ကယ်ကျင်း-ဖောင်းပြင်-ဟုမ္မလင်း-ခန္တီးလမ်း၊မိုင် ၀/၀ မှ၃၃၅/၀ အထိ (၃၃၅မိုင် ၀ဖာလုံ)
  • (၂) ရေဦး-ကလေးဝလမ်း၊ မိုင် ၀/၀ မှ ၁၀၇/၁.၅ အထိ (၁၀၇မိုင် ၁.၅ဖာလုံ)
  • (၃) မုံရွာ-ပုလဲ-ဂန့်ဂေါလမ်း၊ မိုင် ၀/၀ မှ ၆၅/၀ အထိ (၆၅မိုင် ၀ဖာလုံ)
  • (၄) မန္တလေး-တကောင်း-ဗန်းမော်-မြစ်ကြီးနားလမ်း၊ မိုင် ၆၀/၃-၁၀၀/၂ ၊ ၁၁၇/၀-၁၁၉/၀ = ၄၁မိုင် ၇ဖာလုံ
  • (၅) ကျွန်းလှ-ချပ်သင်း-ကောလင်း-ဝန်းသို-အင်းတော်လမ်း (၉၆မိုင် ၂ဖာလုံ)
  • (၆) ဂန့်ဂေါ-ကလေးလမ်း၊ မိုင် ၄၁/၆ မှ ၈၃/၀ အထိ (၄၁မိုင် ၂ဖာလုံ)
  • (၇) လဟယ်-ရောင်ကွန်-ဒုံဟီး-နန်းယွန်းလမ်း၊ မိုင် ၀/၀ မှ ၁၀၄/၁ အထိ (၁၀၄မိုင် ၁ဖာလုံ)
  • (၈) မြစ်ကြီးနား-ပန်ဆောင်-လီဒိုလမ်း၊ မိုင် ၁၄၄/၁ မှ ၁၉၅/၁ အထိ (၅၁မိုင် ၀ဖာလုံ)

(ဂ) ရင်းနှီးမြှုပ်နှံနိုင်မည့်ပုံစံ- BOT စနစ်

(၂) ပါဝင်မည့်လုပ်ငန်းစီမံကိန်းများ

(က) သက္ကယ်ကျင်း-ဖောင်းပြင်-ဟုမ္မလင်း-ခန္တီးလမ်း၊ မိုင် ၀/၀ မှ ၃၃၅/၀ အထိ (၃၃၅မိုင် ၀ဖာလုံ)

သက္ကယ်ကျင်း-ဖောင်းပြင်-ဟုမ္မလင်း-ခန္တီးလမ်း၊ မိုင် ၀/၀ မှ ၃၃၅/၀ အထိ (၃၃၅မိုင် ၀ဖာလုံ) သည် ပြည်ထောင်စုလမ်းမကြီးများ (National Highway) (၄၀)လမ်းစာရင်းတွင် ပါဝင်ပါသည်။ သက္ကယ်ကျင်း-ဖောင်းပြင်-ဟုမ္မလင်း-ခန္တီးလမ်း၊ မိုင် ၀/၀ မှ ၃၃၅/၀ အထိ (၃၃၅မိုင် ၀ဖာလုံ) သည် ပြည်ထောင်စုလမ်းမကြီးများ (National Highway) (၄၀)လမ်းစာရင်းတွင် ပါဝင်ပါသည်။ လက်ရှိ လမ်းအခြေအနေမှာ-

  • ကတ္တရာကွန်ကရစ်လမ်း (AC) = ၀ မိုင် ၅ ဖာလုံ
  • ကွန်ကရစ်လမ်း = ၂၇ မိုင် ၄ ဖာလုံ
  • ကတ္တရာလမ်း (၁၂’အကျယ်) = ၁ မိုင် ၇ ဖာလုံ
  • အမာခံလမ်း = ၃၀၅ မိုင် ၀ ဖာလုံ
  • စုစုပေါင်း = ၃၃၅မိုင် ၀ဖာလုံ ဖြစ်ပါသည်။

လက်ရှိ တံတားအခြေအနေမှာ-

စဉ် အမျိုးအစား ၁၈၀’နှင့်အထက် ၁၈၀’အောက် စုစုပေါင်း
၁။ ကွန်ကရစ် ၂၂ ၅၇၃ ၅၉၅
၂။ သစ်သား ၃၃ ၃၃
၃။ ဘေလီ
၄။ ရေပြွန်/ရေကျော် ၅၉ ၅၉
စုစုပေါင်း ၂၂ ၆၆၈ ၆၉၀

လက်ရှိလုပ်ကိုင်နေသည့် လုပ်ငန်းများမှာ လက်ရှိ မြေပြင်တွင်ရှိသည့် လမ်းကြောင်း အခြေအနေ များအရ အတက်အဆင်း မတ်စောက်သော နေရာများအား Grade နှိမ့်ချခြင်း၊ သတ်မှတ် လမ်းတာဘောင် အကျယ်/အမြင့် ရရှိအောင် ဆောင်ရွက်ခြင်း၊ အမာခံလမ်းကို ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ခြင်း၊ လိုအပ်သော နေရာများတွင် မြေထိန်းနံရံ/ မြေကာနံရံများ တည်ဆောက်ပေးခြင်းနှင့် လက်ရှိ သစ်သား/ ဘေလီတံတားများကို ကွန်ကရစ် တံတားအဖြစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို ရန်ပုံငွေ ခွင့်ပြုရရှိမှု အပေါ် မူတည်၍ ဆောင်ရွက်လျက်ရှိပါသည်။

သက္ကယ်ကျင်း-ဖောင်းပြင်-ဟုမ္မလင်း-ခန္တီးလမ်း၏ တစ်ရက်ပျမ်းမျှ ယာဉ်စီးရေ (AADT)မှာ (၁၃၅)စီး ဖြစ်ပါသည်။

အဆိုပါလမ်းသည် ပြည်ထောင်စုလမ်းမကြီးများ(National Highway)လမ်း စာရင်းတွင် ပါဝင် သော လမ်းဖြစ်ခြင်းကြောင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ ရေးဆွဲထားသော National Transport Master Plan နှင့် KIOCA အဖွဲ့ အကူအညီဖြင့် ရေးဆွဲထားသည့် Master Plan For Arterial Raod Network Development in Myanmar တို့ကို အခြေခံ၍ လမ်းဦးစီးဌာနမှ ရေးဆွဲ ထားသော နှစ်ရှည်စီမံကိန်း (Master Plan) အရ (7 m)အကျယ် ကတ္တရာကွန်ကရစ်လမ်း (AC) အဆင့် ရောက်ရှိအောင် ဆောင်ရွက်ရန် ရည်မှန်းထားပါသည်။

(ခ) ရေဦး-ကလေးဝလမ်း၊ မိုင် ၀/၀ မှ ၁၀၇/၁.၅ အထိ (၁၀၇မိုင် ၁.၅ဖာလုံ)

ရေဦး-ကလေးဝလမ်း၊ မိုင် ၀/၀ မှ ၁၀၇/၁.၅ အထိ (၁၀၇မိုင် ၁.၅ဖာလုံ) သည် မဟာမဲခေါင် စီးပွားရေးစင်္ကြံလမ်းမကြီးများ (Greater Mekong Subregion Economic Corridors) စာရင်းတွင် ပါဝင်ပြီး မြောက်ပိုင်းစင်္ကြံလမ်း (Northern Corridors) မူဆယ်-မန္တလေး-ရွှေဘို-ရေဦး-ကလေးဝ-တမူး လမ်း အပိုင်းတွင် ပါဝင်ပါသည်။

လက်ရှိလမ်းအခြေအနေမှာ-

  • ကတ္တရာကွန်ကရစ်လမ်း (AC) = ၃ မိုင် ၃.၅ ဖာလုံ
  • ကွန်ကရစ်လမ်း = ၃၆ မိုင် ၂.၆၉ ဖာလုံ
  • ကတ္တရာလမ်း (၁၂’အကျယ်) = ၅၇ မိုင် ၃.၅၄ ဖာလုံ
  • ကတ္တရာလမ်း (၁၈’အကျယ်) = ၄ မိုင် ၂.၅ ဖာလုံ
  • ကျောက်လမ်း = ၄ မိုင် ၆.၆၇ ဖာလုံ
  • အမာခံလမ်း = ၀ မိုင် ၆.၆ ဖာလုံ
  • စုစုပေါင်း = ၁၀၇ မိုင် ၁.၅ ဖာလုံ ဖြစ်ပါသည်။

လက်ရှိတံတားအခြေအနေမှာ-

စဉ် အမျိုးအစား ၁၈၀’နှင့်အထက် ၁၈၀’အောက် စုစုပေါင်း
၁။ ကွန်ကရစ် ၁၇၀ ၁၇၁
၂။ သစ်သား
၃။ ဘေလီ
၄။ ရေပြွန်/ရေကျော် ၄၆ ၄၆
စုစုပေါင်း ၂၂၉ ၂၃၀

လက်ရှိလုပ်ကိုင်နေသည့် လုပ်ငန်းများမှာ လက်ရှိကတ္တရာလမ်းကို ကတ္တရာ ကွန်ကရစ် လမ်း (AC) အဖြစ် အဆင့်မြှင့်တင်ခြင်း ၊ (၁၂ ပေအကျယ်) ကတ္တရာလမ်းကို (၁၈ ပေအကျယ်) ကတ္တရာလမ်းအဖြစ် လမ်းချဲ့ခြင်း၊ ကျောက်လမ်း/အမာခံလမ်းများကို ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းနှင့် လက်ရှိ သစ်သား/ဘေလီတံတားများကို ကွန်ကရစ်တံတားများအဖြစ် အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကို ရန်ပုံငွေ ခွင့်ပြုရရှိမှုအပေါ် မူတည်၍ ဆောင်ရွက်လျက် ရှိပါသည်။

ရေဦး-ကလေးဝလမ်း၏တစ်ရက်ပျမ်းမျှ ယာဉ်စီးရေ(AADT)မှာ (၃၇၀)စီး ဖြစ်ပါသည်။

အဆိုပါလမ်းပိုင်းသည် မဟာမဲခေါင် စီးပွားရေးစင်္ကြံလမ်းမကြီးများ စာရင်းတွင် ပါဝင် သော လမ်းဖြစ်ခြင်းကြောင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ ရေးဆွဲထားသော National Transport Master Plan နှင့် KIOCA အဖွဲ့အကူအညီဖြင့် ရေးဆွဲထားသည့် Master Plan For Arterial Raod Network Development in Myanmar တို့ကို အခြေခံ၍ လမ်းဦးစီးဌာနမှ ရေးဆွဲထားသော နှစ်ရှည် စီမံကိန်း (Master Plan) အရ (7 m) အကျယ် ကတ္တရာကွန်ကရစ်လမ်း (AC) အဆင့် ရောက်ရှိအောင် ဆောင်ရွက်ရန် ရည်မှန်းထားပါသည်။

(ဂ) မုံရွာ-ပုလဲ-ဂန့်ဂေါလမ်း၊ မိုင် ၀/၀ မှ ၆၅/၀ အထိ (၆၅မိုင် ၀ဖာလုံ)

မုံရွာ-ပုလဲ-ဂန့်ဂေါလမ်း၊ မိုင် ၀/၀ မှ ၆၅/၀ အထိ (၆၅မိုင် ၀ဖာလုံ) သည် နိုင်ငံတကာ ဆက်သွယ် သည့်လမ်း အာရှလမ်းမကြီးများ(ASIAN Highways) ၊ အာဆီယံလမ်းမကြီးများ (ASEAN Highways) စာရင်းတွင် ပါဝင်ပြီး တမူး-မန္တလေး-မိတ္ထီလာ-ရန်ကုန်-ပဲခူး(ဘုရားကြီး)-သထုံ-မြဝတီလမ်း (AH1)အပိုင်း တွင် ပါဝင်ပါသည်။

လက်ရှိလမ်းအခြေအနေမှာ-

  • ကွန်ကရစ်လမ်း = (၀မိုင် ၆ဖာလုံ)
  • ကတ္တရာလမ်း(၂၄ပေအကျယ်) = (၇မိုင် ၁.၂၈ဖာလုံ)
  • ကတ္တရာလမ်း(၁၈ ပေအကျယ်) = (၄၄မိုင် ၆.၉၄ဖာလုံ)
  • ကတ္တရာလမ်း (၁၈’အကျယ်) = ၄ မိုင် ၂.၅ ဖာလုံ
  • ကတ္တရာလမ်း(၁၂ပေအကျယ်) = (၁၂မိုင် ၄.၇၈ဖာလုံ)
  • စုစုပေါင်း = (၆၅မိုင် ၃ဖာလုံ) ဖြစ်ပါသည်။

လက်ရှိတံတားအခြေအနေမှာ-

စဉ် အမျိုးအစား ၁၈၀’နှင့်အထက် ၁၈၀’အောက် စုစုပေါင်း
၁။ ကွန်ကရစ် ၁၂၈ ၁၂၈
၂။ သစ်သား
၃။ ဘေလီ
၄။ ရေပြွန်/ရေကျော် ၂၉ ၂၉
စုစုပေါင်း ၁၅၇ ၁၅၇

လက်ရှိလုပ်ကိုင်နေသည့်လုပ်ငန်းမှာ မူလ (၁၂ ပေ အကျယ်) ကတ္တရာလမ်းကို (၁၈ ပေ အကျယ်) ကတ္တရာလမ်းအဖြစ် လမ်းချဲ့ခြင်းလုပ်ငန်းကို ရန်ပုံငွေ ခွင့်ပြုရရှိမှုအပေါ် မူတည်၍ ဆောင်ရွက်လျက် ရှိပါသည်။

မုံရွာ-ပုလဲ-ဂန့်ဂေါလမ်း၏ တစ်ရက်ပျမ်းမျှ ယာဉ်စီးရေ(AADT)မှာ (၄၅၀)စီး ဖြစ်ပါသည်။

အဆိုပါလမ်းပိုင်းသည် နိုင်ငံတကာဆက်သွယ်သည့် လမ်းမကြီးများစာရင်းတွင်ပါဝင်သော လမ်းဖြစ်ခြင်း ကြောင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ ရေးဆွဲထားသော National Transport Master Plan နှင့် KIOCA အဖွဲ့အကူအညီဖြင့် ရေးဆွဲထားသည့် Master Plan For Arterial Raod Network Development in Myanmar တို့ကို အခြေခံ၍ လမ်းဦးစီးဌာနမှ ရေးဆွဲထားသော နှစ်ရှည်စီမံကိန်း (Master Plan) အရ (7 m) အကျယ် ကတ္တရာကွန်ကရစ်လမ်း (AC) အဆင့် ရောက်ရှိအောင် ဆောင်ရွက်ရန် ရည်မှန်းထားပါသည်။

(ဃ) မန္တလေး-တကောင်း-ဗန်းမော်-မြစ်ကြီးနားလမ်း၊ မိုင် ၆၀/၃-၁၀၀/၂ ၊ ၁၁၇/၀-၁၁၉/၀ = ၄၁မိုင် ၇ဖာလုံ

မန္တလေး-တကောင်း-ဗန်းမော်-မြစ်ကြီးနားလမ်း၊ မိုင် ၆၀/၃ – ၁၀၀/၂ ၊ ၁၁၇/၀-၁၁၉/၀ = ၄၁မိုင် ၇ဖာလုံ သည် ပြည်ထောင်စုလမ်းမကြီးများ (National Highway) (၄၀)လမ်းစာရင်းနှင့် အဓိက သွေးကြောလမ်းမကြီးကွန်ယက် (Main Arterial Road Network) (၁၈)လမ်းစာရင်းတို့တွင် ပါဝင်ပါသည်။

လက်ရှိလမ်းအခြေအနေမှာ-

  • ကတ္တရာလမ်း (၁၈’အကျယ်) = ၂၈မိုင် ၃.၉၃ဖာလုံ
  • ကျောက်လမ်း = ၁၃မိုင် ၃.၀၇ဖာလုံ
  • စုစုပေါင်း = ၄၁မိုင် ၇ဖာလုံ ဖြစ်ပါသည်။

လက်ရှိတံတားအခြေအနေမှာ-

စဉ် အမျိုးအစား ၁၈၀’နှင့်အထက် ၁၈၀’အောက် စုစုပေါင်း
၁။ ကွန်ကရစ် ၈၀ ၈၁
၂။ သစ်သား
၃။ ဘေလီ
၄။ ရေပြွန်/ရေကျော် ၃၁ ၃၁
စုစုပေါင်း ၁၁၄ ၁၁၅

လက်ရှိလုပ်ကိုင်နေသည့် လုပ်ငန်းများမှာ လက်ရှိ ကျောက်လမ်းအား (၁၈’)အကျယ် ကတ္တရာခင်း ခြင်းနှင့် လက်ရှိ သစ်သား/ဘေလီတံတားများကို ကွန်ကရစ်တံတားအဖြစ် အဆင့်မြှင့်တင်ခြင်း လုပ်ငန်း များကို ရန်ပုံငွေ ခွင့်ပြုရရှိမှုအပေါ် မူတည်၍ ဆောင်ရွက်လျက် ရှိပါသည်။ Poverty Reduction အစီအစဉ်အရ ဂျပန်နိုင်ငံ၏ JICA ODA Loan ဖြင့် ဆောင်ရွက်နေသော စီမံကိန်းများ (Phase-2) တွင် ပါဝင်သော ကြောင့် JICA ODA Loan ဖြင့်လည်း လမ်း/တံတား အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

မန္တလေး- တကောင်း- ဗန်းမော်- မြစ်ကြီးနားလမ်း၏ တစ်ရက်ပျမ်းမျှ ယာဉ်စီးရေ (AADT)မှာ (၅၃၉) စီး ဖြစ်ပါသည်။

အဆိုပါလမ်းသည် ပြည်ထောင်စုလမ်းမကြီးများ (National Highway) လမ်းစာရင်း နှင့် အဓိကသွေးကြောလမ်းမကြီးကွန်ယက် (Main Arterial Road Network) လမ်းစာရင်း တို့တွင်ပါဝင်သောလမ်း ဖြစ်ခြင်းကြောင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ ရေးဆွဲထားသော National Transport Master Plan နှင့် KIOCA အဖွဲ့ အကူအညီဖြင့် ရေးဆွဲထားသည့် Master Plan For Arterial Raod Network Development in Myanmar တို့ကို အခြေခံ၍ လမ်းဦးစီးဌာနမှ ရေးဆွဲထားသော နှစ်ရှည် စီမံကိန်း (Master Plan) အရ (7 m)အကျယ် ကတ္တရာကွန်ကရစ်လမ်း (AC) အဆင့် ရောက်ရှိအောင် ဆောင်ရွက်ရန် ရည်မှန်းထားပါသည်။

(င) ကျွန်းလှ-ချပ်သင်း-ကောလင်း-ဝန်းသို-အင်းတော်လမ်း (၉၆မိုင် ၂ဖာလုံ)

ကျွန်းလှ-ချပ်သင်း-ကောလင်း-ဝန်းသို-အင်းတော်လမ်း (၉၆မိုင် ၂ဖာလုံ) တွင် (၁) ကျွန်းလှ-ချပ်သင်း-ကောလင်းလမ်း၊ မိုင် ၀/၀ မှ ၃၈/၀ အထိ (၃၈မိုင်)၊ (၂) တောင်မော်-ကောလင်း-ဝင်းကြီးလမ်း၏ ကောလင်း-ဝင်းကြီးအပိုင်း၊ မိုင် ၇/၁ မှ ၁၃/၀ အထိ (၅မိုင် ၇ဖာလုံ)၊ (၃) ဆင်ကုန်း-ဝန်းသို-ပင်လည်ဘူး လမ်း၏ ဝန်းသို-ဝင်းကြီးအပိုင်း၊ မိုင် ၂၀/၀ မှ ၂၅/၀ အထိ (၅မိုင်)၊ (၄) ဝန်းသို-မဲဇာ-နန့်သဲ လမ်း၊ မိုင် ၀/၀ မှ ၃၇/၁ အထိ (၃၇မိုင် ၁ဖာလုံ) နှင့် (၅) ရွှေဘို-မြစ်ကြီးနားလမ်း၏ နန့်သဲ-အင်းတော်အပိုင်း ၊ မိုင် ၁၃၆/၅ မှ ၁၄၆/၇ အထိ (၁၀မိုင် ၂ဖာလုံ)တို့ ပါဝင်ပါသည်။ အဆိုပါ လမ်းပိုင်းများသည် အဓိကသွေးကြော လမ်းမကြီး ကွန်ယက် (Main Arterial Road Network) (၁၈)လမ်းစာရင်းတွင် ပါဝင်ပါသည်။

လက်ရှိလမ်းအခြေအနေမှာ-

  • ကွန်ကရစ်လမ်း = ၁မိုင် ၀ဖာလုံ
  • ကတ္တရာလမ်း (၁၂’အကျယ်) = ၅၃မိုင် ၆ဖာလုံ
  • ကတ္တရာလမ်း (၁၈’အကျယ်) = ၁၇မိုင် ၆ဖာလုံ
  • ကတ္တရာလမ်း (၂၄’အကျယ်) = ၀မိုင် ၄ဖာလုံ
  • ကျောက်လမ်း = ၅မိုင် ၄ဖာလုံ
  • အမာခံလမ်း = ၁၇မိုင် ၆ဖာလုံ
  • စုစုပေါင်း = ၉၆မိုင် ၂ဖာလုံ ဖြစ်ပါသည်။

လက်ရှိတံတားအခြေအနေမှာ-

စဉ် အမျိုးအစား ၁၈၀’နှင့်အထက် ၁၈၀’အောက် စုစုပေါင်း
၁။ ကွန်ကရစ် ၂၇၆ ၂၈၀
၂။ သစ်သား
၃။ ဘေလီ
၄။ ရေပြွန်/ရေကျော် ၁၄ ၁၄
စုစုပေါင်း ၃၀၄ ၃၀၈

လက်ရှိလုပ်ကိုင်နေသည့် လုပ်ငန်းများမှာ လက်ရှိ အမာခံလမ်း/ကျောက်လမ်းတို့အား ကတ္တရာ လမ်းအဖြစ် အဆင့်မြှင့်တင်ခြင်း၊ လမ်းတာနိမ့်၍ ရေကျော်သော အပိုင်းများအား လမ်းတာဘောင်မြှင့်တင်ပြီး ကွန်ကရစ်လမ်းခင်းခြင်း၊ လက်ရှိ(၁၂’)အကျယ် ကတ္တရာလမ်းအား (၁၈’)အကျယ် ချဲ့ခြင်း နှင့် လက်ရှိ သစ်သား/ဘေလီတံတားများကို ကွန်ကရစ်တံတားအဖြစ် အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကို ရန်ပုံငွေ ခွင့်ပြုရရှိမှုအပေါ် မူတည်၍ ဆောင်ရွက်လျက် ရှိပါသည်။

ကျွန်းလှ-ချပ်သင်း-ကောလင်း-ဝန်းသို-အင်းတော်လမ်း၏ တစ်ရက်ပျမ်းမျှယာဉ်စီးရေ (AADT)မှာ (၅၆၄)စီး ဖြစ်ပါသည်။

အဆိုပါလမ်းသည် အဓိကသွေးကြောလမ်းမကြီးကွန်ယက် (Main Arterial Road Network)လမ်းစာရင်းတို့တွင် ပါဝင်သောလမ်းဖြစ်ခြင်းကြောင့် ပို့ဆောင်ရေးနှင့် ဆက်သွယ် ရေးဝန်ကြီးဌာနမှ ရေးဆွဲထားသော National Transport Master Plan နှင့် KIOCA အဖွဲ့ အကူအညီဖြင့် ရေးဆွဲထား သည့် Master Plan For Arterial Raod Network Development in Myanmar တို့ကို အခြေခံ၍ လမ်းဦးစီးဌာနမှ ရေးဆွဲထားသော နှစ်ရှည်စီမံကိန်း (Master Plan) အရ (7 m)အကျယ် ကတ္တရာ ကွန်ကရစ်လမ်း (AC) အဆင့် ရောက်ရှိအောင် ဆောင်ရွက်ရန် ရည်မှန်းထားပါသည်။

(စ) ဂန့်ဂေါ-ကလေးလမ်း၊ မိုင် ၄၁/၆ မှ ၈၃/၀ အထိ (၄၁မိုင် ၂ဖာလုံ)

ဂန့်ဂေါ-ကလေးလမ်း၊ မိုင် ၄၁/၆ မှ ၈၃/၀ အထိ (၄၁မိုင် ၂ဖာလုံ) သည် နိုင်ငံတကာ ဆက်သွယ်သည့်လမ်း အာရှလမ်းမကြီးများ(ASIAN Highways) ၊ အာဆီယံလမ်းမကြီးများ (ASEAN Highways)စာရင်းတွင်ပါဝင်ပြီး တမူး-မန္တလေး-မိတ္ထီလာ-ရန်ကုန်-ပဲခူး(ဘုရားကြီး) -သထုံ-မြဝတီလမ်း (AH1)အပိုင်း တွင်ပါဝင်ပါသည်။

လက်ရှိလမ်းအခြေအနေမှာ-

  • ကတ္တရာကွန်ကရစ်လမ်း(AC) = (၅မိုင် ၀ဖာလုံ)
  • ကတ္တရာလမ်း (၁၈ ပေအကျယ်) = (၂၇မိုင် ၇ဖာလုံ)
  • ကတ္တရာလမ်း(၁၂ပေအကျယ်) = (၇မိုင် ၅ဖာလုံ)
  • ကျောက်လမ်း = (၀မိုင် ၆ဖာလုံ)
  • စုစုပေါင်း = (၄၁မိုင် ၂ဖာလုံ) ဖြစ်ပါသည်။

လက်ရှိတံတားအခြေအနေမှာ-

စဉ် အမျိုးအစား ၁၈၀’နှင့်အထက် ၁၈၀’အောက် စုစုပေါင်း
၁။ ကွန်ကရစ် ၁၉၁ ၁၉၅
၂။ သစ်သား
၃။ ဘေလီ
၄။ ရေပြွန်/ရေကျော်
စုစုပေါင်း ၁၉၁ ၁၉၅

လက်ရှိလုပ်ကိုင်နေသည့် လုပ်ငန်းများမှာ သတ်မှတ်လမ်းတာဘောင်အကျယ် ရရှိရန် မြေသား လုပ်ငန်း ဆောင်ရွက်ခြင်း၊ မူလ(၁၂ ပေအကျယ်) ကတ္တရာလမ်းကို (၁၈ ပေအကျယ်) ကတ္တရာလမ်းအဖြစ် ချဲ့ခြင်းနှင့် လက်ရှိ ယာဉ်သွားလမ်းအကျယ် (၂၄ ပေ) ကွန်ကရစ် တံတားများအား (၄၀ပေအကျယ်)ချဲ့ခြင်း လုပ်ငန်းများကို ရန်ပုံငွေ ခွင့်ပြုရရှိမှုအပေါ် မူတည်၍ ဆောင်ရွက်လျှက်ရှိပါသည်။

ဂန့်ဂေါ-ကလေးလမ်း၏ တစ်ရက်ပျမ်းမျှ ယာဉ်စီးရေ(AADT)မှာ (၁၀၁၁)စီးဖြစ်ပါသည်။

အဆိုပါလမ်းပိုင်းသည် နိုင်ငံတကာဆက်သွယ်သည့် လမ်းမကြီးများစာရင်းတွင် ပါဝင်သော လမ်းဖြစ်ခြင်းကြောင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ ရေးဆွဲထား သော National Transport Master Plan နှင့် KIOCA အဖွဲ့ အကူအညီဖြင့် ရေးဆွဲ ထားသည့် Master Plan For Arterial Raod Network Development in Myanmar တို့ကို အခြေခံ၍ လမ်းဦးစီးဌာနမှ ရေးဆွဲထားသော နှစ်ရှည် စီမံကိန်း (Master Plan) အရ (7 m)အကျယ် ကတ္တရာကွန်ကရစ်လမ်း (AC) အဆင့် ရောက်ရှိအောင် ဆောင်ရွက်ရန် ရည်မှန်းထားပါသည်။

(ဆ) လဟယ်-ရောင်ကွန်-ဒုံဟီး-နန်းယွန်းလမ်း၊ မိုင် ၀/၀ မှ ၁၀၄/၁ အထိ (၁၀၄မိုင် ၁ဖာလုံ)

လဟယ်-ရောင်ကွန်-ဒုံဟီး-နန်းယွန်းလမ်း၊ မိုင် ၀/၀ မှ ၁၀၄/၁ အထိ (၁၀၄မိုင် ၁ဖာလုံ) သည် လမ်းခွဲငယ်များ (Sub Arterial Road) စာရင်းတွင် ပါဝင်ပါသည်။

လက်ရှိလမ်းအခြေအနေမှာ-

  • ကွန်ကရစ်လမ်း = ၀မိုင် ၆ဖာလုံ
  • ကျောက်လမ်း = ၉၉မိုင် ၆ဖာလုံ
  • မြေလမ်း = ၃မိုင် ၅ဖာလုံ
  • စုစုပေါင်း = ၁၀၄မိုင် ၁ဖာလုံ ဖြစ်ပါသည်။

လက်ရှိတံတားအခြေအနေမှာ-

စဉ် အမျိုးအစား ၁၈၀’နှင့်အထက် ၁၈၀’အောက် စုစုပေါင်း
၁။ ကွန်ကရစ် ၁၇၈ ၁၇၈
၂။ သစ်သား
၃။ ဘေလီ ၁၄
၄။ ရေပြွန်/ရေကျော် ၉၉ ၉၉
စုစုပေါင်း ၂၈၆ ၂၉၁

လက်ရှိလုပ်ကိုင်နေသည့် လုပ်ငန်းများမှာ အတက်အဆင်း မတ်စောက်သော နေရာများတွင် လမ်းအူကြောင်း ပြောင်းလဲဖောက်လုပ်ရန် လိုအပ်ပါက လမ်းအူကြောင်း ပြောင်းလဲဖောက်လုပ်ခြင်း (သို့မဟုတ်) Grade နှိမ့်ချပြီး သတ်မှတ် လမ်းတာဘောင်အကျယ် ရရှိအောင် ဆောင်ရွက်ခြင်း၊ ကွန်ကရစ်လမ်းခင်းခြင်း၊ လမ်းမျက်နှာပြင် ကြမ်းတမ်းပျက်စီး နေသောအပိုင်းများအား ကျောက်ရောမြေခင်းကြိတ်ပြီး လမ်းချောအောင် ဆောင်ရွက်ပေးခြင်း၊ လိုအပ်နေရာများတွင် ကွန်ကရစ်ရေပြွန် (သို့မဟုတ်) Box Culvert များ ထည့်ပေးခြင်း၊ ကျောက်စီကမ်းကပ်ခုံနှင့် ကွန်ကရစ်ကြမ်းခင်းတံတားများ တည်ဆောက်ခြင်း လုပ်ငန်းများကို ရန်ပုံငွေခွင့်ပြုရရှိမှုအပေါ် မူတည်၍ ဆောင်ရွက်လျက်ရှိပါသည်။

လဟယ်-ရောင်ကွန်-ဒုံဟီး-နန်းယွန်းလမ်း၏ တစ်ရက်ပျမ်းမျှ ယာဉ်စီးရေ(AADT)မှာ (၁၀)စီး ဖြစ်ပါသည်။

အဆိုပါလမ်းသည် လမ်းခွဲငယ်များ (Sub Arterial Road) လမ်းစာရင်းတွင် ပါဝင်သော လမ်း ဖြစ်ခြင်းကြောင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ ရေးဆွဲထားသော National Transport Master Plan နှင့် KIOCA အဖွဲ့ အကူအညီဖြင့် ရေးဆွဲထားသည့် Master Plan For Arterial Raod Network Development in Myanmar တို့ကို အခြေခံ၍ လမ်းဦးစီးဌာနမှ ရေးဆွဲ ထားသော နှစ်ရှည်စီမံကိန်း (Master Plan) အရ ASEAN Class Ш (5.5 m)အကျယ် ကတ္တရာ/ ကွန်ကရစ်လမ်း အဆင့် ရောက်ရှိအောင် ဆောင်ရွက်ရန် ရည်မှန်းထားပါသည်။

(ဇ) မြစ်ကြီးနား-ပန်ဆောင်-လီဒိုလမ်း၊ မိုင် ၁၄၄/၁ မှ ၁၉၅/၁ အထိ (၅၁မိုင် ၀ဖာလုံ)

မြစ်ကြီးနား – ပန်ဆောင် – လီဒိုလမ်း ၊ မိုင် ၁၄၄/၁ မှ ၁၉၅/၁ အထိ ( ၅၁ မိုင် ) တွင် လမ်းဦးစီးဌာနမှ မိုင် ၁၄၄/၁ – ၁၇၂/၁ ၊ မိုင် ၁၈၉/၁ – ၁၉၅/၁ = ၃၄ မိုင် ကို တာဝန်ယူ ဆောင်ရွက်ပြီး ၊ မိုင် ၁၇၂/၁ – ၁၈၉/၁ = ၁၇ မိုင် ကို နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ယူ ဆောင်ရွက်ပါသည်။ လမ်းဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်နေသော လမ်းပိုင်းများသည် ပြည်ထောင်စုလမ်းမကြီးများ (National Highway) (၄၀) လမ်းစာရင်းနှင့် အဓိက သွေးကြောလမ်းမကြီး ကွန်ယက် ( Main Arterial Road Network) (၁၈) လမ်းစာရင်းတို့တွင် ပါဝင်ပါသည်။

လက်ရှိလမ်းအခြေအနေမှာ –

  • ကျောက်လမ်း = ၁၀ မိုင် ၆ ဖာလုံ
  • အမာခံလမ်း = ၉ မိုင် ၃ ဖာလုံ
  • မြေလမ်း = ၃၀ မိုင် ၇ ဖာလုံ
  • စုစုပေါင်း = ၅၁ မိုင် ၀ ဖာလုံ

လက်ရှိတံတားအခြေအနေမှာ –

စဉ် အမျိုးအစား ၁၈၀’ နှင့်အထက် ၁၈၀’ အောက် စုစုပေါင်း
၁။ ကွန်ကရစ်
၂။ သစ်သား ၁၀ ၁၀
၃။ ဘေလီ
၄။ ရေပြွန်/ ရေကျော် ၉၃ ၉၃
စုစုပေါင်း ၁၀၆ ၁၀၇

လက်ရှိလုပ်ကိုင်နေသည့် လုပ်ငန်းများမှာ အတက်အဆင်း မတ်စောက်သော နေရာများတွင် Grade နှိမ့်ချပြီး သတ်မှတ်လမ်းတာဘောင်အကျယ် ရရှိအောင် ဆောင်ရွက်ခြင်း ၊ ကျောက်လမ်းခင်းခြင်း ၊ လမ်းမျက်နှာပြင် ကြမ်းတမ်းပျက်စီးနေသော အပိုင်းများအား ကျောက်ရောမြေခင်းကြိတ်ပြီး လမ်းချောအောင် ဆောင်ရွက်ပေးခြင်း ၊ လိုအပ်နေရာများတွင ကွန်ကရစ်ရေပြွန် (သို့မဟုတ်) Box Culvert များ ထည့်ပေးခြင်း ၊ ကျောက်စီကမ်းကပ်ခုံနှင့် ကွန်ကရစ်ကြမ်းခင်းတံတားများ တည်ဆောက်ခြင်း ၊ လက်ရှိ သစ်သား/ ဘေလီ တံတားများအား ကွန်ကရစ်တံတားများအဖြစ် အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကို ရန်ပုံငွေခွင့်ပြုရရှိမှုအပေါ် မူတည်၍ ဆောင်ရွက်လျှက်ရှိပါသည်။ မြစ်ကြီးနား – ပန်ဆောင် – လီဒိုလမ်း၏ တစ်ရက်ပျမ်းမျှ ယာဉ်စီးရေ (AADT) မှာ (၉) စီး ဖြစ်ပါသည်။

အဆိုပါလမ်းပိုင်းသည် ပြည်ထောင်စုလမ်းမကြီးများ (National Highway) (၄၀) လမ်းစာရင်းနှင့် အဓိကသွေးကြောလမ်းမကြီး ကွန်ယက် ( Main Arterial Road Network) (၁၈) လမ်းစာရင်းတို့တွင် ပါဝင်သော လမ်းဖြစ်ခြင်းကြောင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ ရေးဆွဲထားသော National Transport Master Plan နှင့် KIOCA အဖွဲ့ အကူအညီဖြင့် ရေးဆွဲထားသည့် Master Plan for Arterial Road Network Development in Myanmar တို့ကို အခြေခံ၍ လမ်းဦးစီးဌာနမှ ရေးဆွဲထားသော နှစ်ရှည်စီမံကိန်း (Master Plan) အရ (7m) အကျယ် ကတ္တရာကွန်ကရစ်လမ်း (AC) အဆင့် ရောက်ရှိအောင် ဆောင်ရွက်ရန် ရည်မှန်းထားပါသည်။

(၃) ဆက်သွယ်ရန်

  • (က) အမည် – ဦးအောင်သီဟ ၊ ညွှန်ကြားရေးမှူး
  • လမ်းဉီးစီးဌာန ၊ စစ်ကိုင်းတိုင်းဒေသကြီး
  • (ခ) Phone – 09-455476569