စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကြီးကြပ်ရေးအဖွဲ့၏ ကွင်းဆင်းစစ်ဆေးခြင်း

စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကြီးကြပ်ရေးအဖွဲ့သည် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ တပ်မြို့မြောက်ကွင်း၊ မင်းကျောင်းကျေးရွာအုပ်စုရှိ ကွန်ကရစ်ကျောက်တိုင် ထုတ်လုပ်ရောင်းချခြင်း လုပ်ငန်းဆောင်ရွက်နေသော Triple Point Co., Ltd. သို့ ၂၀၂၃ ခုနှစ်၊ မတ်လ ၁ ရက်နေ့တွင် Video Conferencing ဖြင့် တွေ့ကြုံရသည့် အခက်အခဲများနှင့် စပ်လျဉ်း၍ လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။