စစ်ကိုင်းတိုင်း ဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၄/၂၀၂၃) ကြိမ်မြောက် အစည်းအဝေး

စစ်ကိုင်းတိုင်း ဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၄/၂၀၂၃) ကြိမ်မြောက် အစည်းအဝေး စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၄/၂၀၂၃) ကြိမ်မြောက် အစည်းအဝေးကို ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၁ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ စစ်ကိုင်းတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ ကော်မတီအဖွဲ့ဝင်များနှင့် အထူးဖိတ်ကြားထားသည့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးတွင် ကော်မတီ၏ အတည်ပြုမိန့်ဖြင့် ဆောင်ရွက်လျက်ရှိသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို ပုံမှန်ကွင်းဆင်း စစ်ဆေးရေးဆိုင်ရာ ကိစ္စရပ်များနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကိစ္စရပ်များ ဆွေးနွေးခဲ့ကြပါသည်။

MyCO အကြောင်းအသိပညာပေးဟောပြောပွဲ

မြန်မာနိုင်ငံကုမ္ပဏီများဥပဒေနှင့် အီလက်ထရောနစ်ကုမ္ပဏီမှတ်ပုံတင် MYCO စနစ်အသုံးပြုပုံနှင့်စပ်လျဉ်း၍ အသိပညာပေးဆွေးနွေးခြင်း မြန်မာနိုင်ငံကုမ္ပဏီများဥပဒေနှင့် အီလက်ထရောနစ်ကုမ္ပဏီမှတ်ပုံတင်စနစ် (Myanmar Companies Online – MyCO) အသုံးပြုပုံနှင့် စပ်လျဉ်းသည့် အသိပညာပေးဆွေးနွေးပွဲကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက်နေ့တွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်း ဒေသကြီးဦးစီးမှူးရုံး၌ ကျင်းပခဲ့ရာ ဌာနဆိုင်ရာများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။ ဆွေးနွေးပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ညွှန်ကြားရေးမှူး ဒေါ်မေမျိုးဇော်က ဌာနဆိုင်ရာများအနေဖြင့် တင်ဒါများခေါ်ယူရာတွင် ကိုယ်တိုင်စစ်ဆေးနိုင်စေရန် ရည်ရွယ်၍ ကုမ္ပဏီဆိုင်ရာအချက်အလက်များစစ်ဆေးခြင်း၊ နှစ်စဉ်အစီရင်ခံစာစစ်ဆေးခြင်း၊ လုပ်ငန်းရည်ရွယ် ချက်များစစ်ဆေးခြင်း၊ ဒါရိုက်တာအချက်အလက်များစစ်ဆေးခြင်းနှင့် ကုမ္ပဏီများအနေဖြင့် လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများကို သိရှိနားလည်စေရန် အသိပညာပေးဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများမှ မေးမြန်းသည်များကို ရှင်းလင်းဖြေကြားခဲ့ပါသည်။

စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်များကြီးကြပ်ရေးအဖွဲ့၏ ကွင်းဆင်းစစ်ဆေးခြင်း 

စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကြီးကြပ်ရေးအဖွဲ့မှ တာဝန်ရှိပုဂ္ဂိုလ် များပါဝင်သော စစ်ဆေးရေးအဖွဲ့သည် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်အတွင်းရှိ IPP(BOO) စနစ်ဖြင့် ၃၀ မဂ္ဂါဝပ် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ တည်ဆောက်၍ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရောင်းချခြင်း လုပ်ငန်းဆောင်ရွက်နေသော Shwebo Investment Holdings Limited အား ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက်နေ့တွင် Video Conferencing စနစ်ကိုအသုံးပြု၍ တွေ့ဆုံခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။

Report

စစ်ကိုင်းတိုင်းဒေသကြီး၏၂၀၁၈-၂၀၁၉မြေအသုံးချမှုအခြေအနေ (က) စစ်ကိုင်းတိုင်းဒေသကြီး၏မြေအသုံးချမှုအခြေအနေ စဉ် မြေအမျိုးအစား ဧရိယာ (၁) အသားတင်စိုက်ပျိုးမြေဧရိယာ ၄၆၁၈၀၇၅ (ဧက) (ကက) လယ် ၁၇၇၈၉၆၅ (ဧက) (ခခ) ယာ ၂၃၈၅၆၇၅(ဧက) (ဂဂ) ကိုင်း/ ကျွန်း ၃၇၀၄၁၅ (ဧက) (ဃဃ) ဥယျာဉ် ၄၈၆၈၄(ဧက) (ငင) တောင်ယာ ၃၄၃၃၆ (ဧက) (၂) လှပ်မြေဧရိယာ ၃၂၇၈၀ (ဧက) (ကက) လယ် ၂၇၅၃(ဧက) (ခခ) ယာ ၂၉၀၄၂ (ဧက) (ဂဂ) ကိုင်း/ ကျွန်း ၉၅၇(ဧက) (ဃဃ) ဉယျာဉ် ၂၈ (ဧက) (၃) စားကျက်မြေ Read more…