စစ်ကိုင်းတိုင်း ဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၃/၂၀၂၃) ကြိမ်မြောက်အစည်းအဝေး

စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၃/၂၀၂၃) ကြိမ်မြောက် အစည်းအဝေးကို ၂၀၂၃ ခုနှစ်၊ မတ်လ ၂၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံး၌ကျင်းပပြုလုပ်ခဲ့ပါသည်။အစည်းအဝေးသို့ စစ်ကိုင်း တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ စစ်ကိုင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ ကော်မတီအဖွဲ့ဝင်များနှင့်အထူးဖိတ်ကြားထားသည့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

အဆိုပါအစည်းအဝေးတွင် ၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ် အတွင်း စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီအနေဖြင့်
လုပ်ငန်းဆောင်ရွက်ခဲ့မှု အခြေအနေများနှင့် တည်ဆောက်ရေးကာလ တိုးမြှင့်ခွင့် ပြုပါရန်လျှောက်ထားလွှာ တင်ပြလာခြင်းကိစ္စရပ်များအပေါ် ဆွေးနွေးဆုံးဖြတ်ခဲ့ကြပါသည်။