စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၅ /၂၀၂၃) ကြိမ်မြောက် အစည်းအဝေးကို        ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၃ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌ ကျင်းပပြုလုပ် ခဲ့ပါသည်။ အစည်းအဝေးသို့ စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ ကော်မတီအဖွဲ့ဝင်များနှင့် အထူးဖိတ်ကြားထားသည့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေးတွင် စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီသည် စက်မှုကဏ္ဍတွင် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၁) ခုကို အတည်ပြု ပေးခဲ့ပါသည်။

အဆိုပါရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသည် ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်း ၁၀၀ ကျော် ဖန်တီးပေးနိုင်မည် ဖြစ်ပါသည်။

Categories: Uncategorized