စစ်ကိုင်းတိုင်း ဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁၁/၂၀၂၃) ကြိမ်မြောက် အစည်းအဝေး

စစ်ကိုင်းတိုင်း ဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁၁/၂၀၂၃) ကြိမ်မြောက် အစည်းအဝေး စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁၁/၂၀၂၃) ကြိမ်မြောက် အစည်းအဝေးကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ စစ်ကိုင်းတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ ကော်မတီအဖွဲ့ဝင်များနှင့် အထူးဖိတ်ကြားထားသည့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးတွင် စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ အတည်ပြုမိန့်ရရှိထားသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း၏ မတည်ငွေရင်းပမာဏအား ပြင်ဆင်ခွင့်ပြုခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးနှင့် လုပ်ငန်းများ အဆင်ပြေချောမွေ့စေရေး ဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။

စစ်ကိုင်းတိုင်း ဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁၀/၂၀၂၃) ကြိမ်မြောက် အစည်းအဝေး

စစ်ကိုင်းတိုင်း ဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁၀/၂၀၂၃) ကြိမ်မြောက်အစည်းအဝေး စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁၀/၂၀၂၃) ကြိမ်မြောက် အစည်းအဝေးကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ စစ်ကိုင်းတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ ကော်မတီအဖွဲ့ဝင်များနှင့် အထူးဖိတ်ကြားထားသည့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးတွင် စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကြီးကြပ်ရေးအဖွဲ့က ကွင်းဆင်း ဝန်ဆောင်မှုပေးခဲ့သည့်လုပ်ငန်းအပေါ် ဆွေးနွေးခြင်းကို ဆောင်ရွက်ခဲ့ကြပါသည်။

စစ်ကိုင်းတိုင်း ဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၅/၂၀၂၃) ကြိမ်မြောက် အစည်းအဝေး

စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၅ /၂၀၂၃) ကြိမ်မြောက် အစည်းအဝေးကို        ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၃ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌ ကျင်းပပြုလုပ် ခဲ့ပါသည်။ အစည်းအဝေးသို့ စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ ကော်မတီအဖွဲ့ဝင်များနှင့် အထူးဖိတ်ကြားထားသည့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးတွင် စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီသည် စက်မှုကဏ္ဍတွင် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၁) ခုကို အတည်ပြု ပေးခဲ့ပါသည်။ အဆိုပါရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသည် ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်း ၁၀၀ ကျော် ဖန်တီးပေးနိုင်မည် ဖြစ်ပါသည်။

Announcement of Overtime

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်နှင့် တိုင်းဒေသကြီး/ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီများ၏ ခွင့်ပြုမိန့်/အတည်ပြုမိန့်တို့ဖြင့် လုပ်ငန်းဆောင်ရွက်လျက်ရှိသော ကုမ္ပဏီများအနေဖြင့် အလုပ်သမားများအား အချိန်ပိုဆင်းစေခြင်းနှင့်စပ်လျဉ်း၍ အလုပ်သမား၊ အလုပ်ရုံဥပဒေစစ်ဆေးရေးဦးစီးဌာန၏ သတ်မှတ်ချက်နှင့်အညီ အောက်ပါအချက်များအား သိရှိလိုက်နာဆောင်ရွက်သွားရန် အသိပေးကြေညာအပ်ပါသည်- – အပါတ်စဉ် အချိန်ပို ခွင့်ပြုခြင်းနှင့်စပ်လျဉ်း၍ တနင်္လာနေ့မှ သောကြာနေ့အထိ တစ်နေ့လျှင် ၃ နာရီဖြင့် ၁၅ နာရီ၊ စနေနေ့လျှင် ၅ နာရီ စုစုပေါင်း ရက်သတ္တပတ် ၁ ပတ်လျှင် နာရီ ၂၀ ခွင့်ပြုမည်ဖြစ်ပြီး အလုပ်သမားများ၏ လက်မှတ်မူရင်း ပူးတွဲ တင်ပြရန် လိုအပ်ပါသည်။ – ရက်သတ္တပတ် အလုပ်ပိတ်ရက်ခွင့်ပြုခြင်း (တနင်္ဂနွေနေ့)နှင့်စပ်လျဉ်း၍ အဖွဲ့အစည်း (သို့မဟုတ်) အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီ၏ သိရှိကြောင်း လက်မှတ်မူရင်းနှင့် Read more…

Rule Updated

မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ (၂၀၁၇) အရသတ်မှတ်ဖော်ပြထားသည့်အခကြေးငွေများ ပြင်ဆင်သတ်မှတ်ခြင်း ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနသည် ၂၀၁၈ ခုနှစ် ဇူလိုင်လ ၉ ရက်နေ့ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၅၇/၂၀၁၈) ဖြင့် မြန်မာနိုင်ငံ ကုမ္ပဏီများဥပဒေ (၂၀၁၇) အရ သတ်မှတ်ဖော်ပြထားသည့် အခကြေးငွေနှင့် နှောင့်နှေးသည့် ပေးပို့တင်ပြခြင်းအတွက် နောက်ကျကြေးအား သတ်မှတ်ထုတ်ပြန်ခဲ့ပါသည်။ အဆိုပါ အမိန့်ကြော်ငြာစာ၏ နောက်ဆက်တွဲဇယား (၁) တွင် သတ်မှတ်ဖော်ပြထားသော အခကြေးငွေများအနက် အောက်ဖော်ပြပါပုံစံများနှင့်စပ်လျဉ်းသည့် အခကြေးငွေများအား ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့မှစတင်၍ အောက်ဖော်ပြပါအတိုင်း ပြင်ဆင်သတ်မှတ် လိုက်ကြောင်း အသိပေးကြေညာအပ်ပါသည်- (က) အစုရှယ်ယာများဖြင့် ကန့်သတ်ထားသည့် အများနှင့်မသက်ဆိုင်သည့်ကုမ္ပဏီ ဖွဲ့စည်းတည်ထောင်ခြင်း လျှောက်လွှာ (ပုံစံက-၁) အတွက် Read more…