Discussion about Investment Opportunity

(၁၆-၁-၂၀၂၀)ရက်နေ့တွင် မုံရွာမြို့ ကုန်စည်ဒိုင် အစည်းအဝေးခန်းမ၌ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ ဦးဆောင်ကာ”ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ ဆွေးနွေးပွဲ အခမ်းအနား”ကို ကျင်းပပြုလုပ်ခဲ့ပြီး အခမ်းအနားသို့ မုံရွာကုန်စည်ဒိုင်၊ မုံရွာစက်မှုဇုန်၊ တိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းနှင့် မုံရွာမြို့နယ်မှ လုပ်ငန်းရှင်များ စုစုပေါင်း (၈၀)ဦးခန့် တက်ရောက်ခဲ့ ကြပါသည်။

Seminar on capacity building for Public-Private Partnership

(၁၄/၁၅-၁-၂၀၂၀)ရက်နေ့များတွင် နေပြည်တော်၊ ရုံးအမှတ်(၃၂) ၌ ကျင်းပပြုလုပ်သည့် Seminar on capacity building for Public-Private Partnership (PPP) အလုပ်ရုံဆွေးနွေးပွဲသို့ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဦးစီးအရာရှိ တက်ရောက်ခဲ့ပါသည်။

Hone Pan Electronic Industry Co., Ltd.

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် ပတ္တမြား ကျေးရွာအုပ်စု၊ စစ်ကိုင်းမြို့နယ်တွင် လျှပ်စစ်ဝါယာကြိုး ထုတ်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသော ဟုန်ပန်း အီလက်ထရွန်းနစ် အင်ဒတ်စထရီ ကုမ္ပဏီလီမိတက်နှင့် ပတ္တမြားစက်မှုဇုံ၊ စစ်ကိုင်းမြို့နယ်တွင် ချည်မျှင်ထုတ်လုပ်ခြင်းနှင့် ချည်မှ ပိတ်ထုတ်လုပ်ခြင်း လုပ်ငန်း ဆောင်ရွက်လျက်ရှိသော ဟုန်ပန်းချည်မျှင်နှင့်အထည် ကုမ္ပဏီလီမိတက်တို့သို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနနှင့် အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာနတို့မှ တာဝန်ရှိပုဂ္ဂိုလ်များပါဝင်သည့် ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၁၀ ရက်နေ့တွင် သွားရောက်စစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။

(10/2019) Meeting

(၂၃-၁၂-၂၀၁၉) ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏ (၁၀/၂၀၁၉) ကြိမ်မြောက် အစည်းအဝေးကို ကျင်းပခဲ့ပြီး ရာခိုင်နှုန်းပြည့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု အတည်ပြု လျှောက်ထားလွှာ (၁)ခုအား လုပ်ငန်းဆောင်ရွက်ခွင့်နှင့် အတည်ပြုမိန့် ထုတ်ပေးရန် ဆွေးနွေး ဆုံးဖြတ်ခဲ့ကြပါသည်။

NCY International Co., Ltd.

စစ်ကိုင်းတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ အတည်ပြုမိန့်ဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် ဆန်နှင့်သီးနှံကြိတ်ခွဲရေးသုံး စက်ပစ္စည်းများထုတ်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသော NCY International Co., Ltd. သို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန၊ အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနနှင့် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းတို့မှ တာဝန်ရှိပုဂ္ဂိုလ်များပါဝင်သည့် ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့တွင် သွားရောက်စစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။

Thansin Sun Moon

စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ အတည်ပြုမိန့်ဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာစက်မှုဇုန်တွင် ပျားရည်သန့်စင်ထုတ်လုပ် ၍ ပြည်တွင်းပြည်ပရောင်းချခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသော Than Sin Sun Moon Monywa Healthy Product Co., Ltd. သို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန၊ အလုပ်သမားညွှန်ကြားရေး ဦးစီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနနှင့် အစား အသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့မှ တာဝန်ရှိပုဂ္ဂိုလ်များ ပါဝင်သည့် ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့တွင် သွားရောက် စစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။

International Trade Center – Day 2

(၈.၁၁.၂၀၁၉)ရက်နေ့တွင် မုံရွာမြို့၊ Win Unity Hotel၌ International Trade Center-ITC မှ UK Department for International Development ၏ အထောက်အပံ့ဖြင့် မြန်မာကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုစီမံကိန်း ရေးဆွဲနိုင်ရေး အလုပ်ရုံဆွေးနွေးပွဲ ဒုတိယနေ့အားကျင်းပပြုလုပ်ခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးမဟာဗျူဟာအဖွဲ့ဝင်များ၊ တိုင်းအဆင့်ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများ၊ စီးပွားရေး လုပ်ငန်းရှင်များ တက်ရောက်ဆွေးနွေးခဲ့ပါသည်။

International Trade Center – Day 1

(၇.၁၁.၂၀၁၉)ရက်နေ့တွင် မုံရွာမြို့၊ Win Unity Hotel၌ International Trade Center-ITC မှ UK Department for International Development ၏ အထောက်အပံ့ဖြင့် မြန်မာကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုစီမံကိန်း ရေးဆွဲနိုင်ရေး အလုပ်ရုံဆွေးနွေးပွဲ ပထမနေ့အားကျင်းပပြုလုပ်ခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးမဟာဗျူဟာအဖွဲ့ဝင်များ၊ တိုင်းအဆင့်ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများ၊ စီးပွားရေး လုပ်ငန်းရှင်များ တက်ရောက်ဆွေးနွေးခဲ့ပါသည်။

Na Di Shwe Sin Co., Ltd

စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ အတည်ပြုမိန့်ဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် လက်ဖက်စိုက်ပျိုးပြုပြင် ထုတ် လုပ်ရောင်းချခြင်းလုပ်ငန်း ဆောင်ရွက်နေသော Na Di Shwe Sin Co., Ltd.သို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါး ကွပ်ကဲရေး ဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ အလုပ်သမားညွှန်ကြား ရေးဦးစီးဌာနနှင့် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာနတို့မှ တာဝန်ရှိပုဂ္ဂိုလ်များပါဝင်သည့် ကွင်းဆင်း စစ်ဆေးရေးအဖွဲ့သည် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၃၀ရက်နေ့တွင် သွားရောက် စစ်ဆေး ပြီး လိုအပ်သည်များကိုပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။

9/2019

(၂၉-၁၀-၂၀၁၉) ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏ (၉/၂၀၁၉) ကြိမ်မြောက်အစည်းအဝေးကို ကျင်းပခဲ့ပြီး ရာခိုင်နှုန်းပြည့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု အတည်ပြုလျှောက် ထားလွှာ(၁)ခုအား လုပ်ငန်းဆောင်ရွက်ခွင့်နှင့် အတည်ပြုမိန့် ထုတ်ပေးရန် ဆွေးနွေးဆုံးဖြတ်ခဲ့ကြပါသည်။