MyCO အကြောင်းအသိပညာပေးဟောပြောပွဲ

မြန်မာနိုင်ငံကုမ္ပဏီများဥပဒေနှင့် အီလက်ထရောနစ်ကုမ္ပဏီမှတ်ပုံတင် MYCO စနစ်အသုံးပြုပုံနှင့်စပ်လျဉ်း၍ အသိပညာပေးဆွေးနွေးခြင်း မြန်မာနိုင်ငံကုမ္ပဏီများဥပဒေနှင့် အီလက်ထရောနစ်ကုမ္ပဏီမှတ်ပုံတင်စနစ် (Myanmar Companies Online – MyCO) အသုံးပြုပုံနှင့် စပ်လျဉ်းသည့် အသိပညာပေးဆွေးနွေးပွဲကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက်နေ့တွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်း ဒေသကြီးဦးစီးမှူးရုံး၌ ကျင်းပခဲ့ရာ ဌာနဆိုင်ရာများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။ ဆွေးနွေးပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ညွှန်ကြားရေးမှူး ဒေါ်မေမျိုးဇော်က ဌာနဆိုင်ရာများအနေဖြင့် တင်ဒါများခေါ်ယူရာတွင် ကိုယ်တိုင်စစ်ဆေးနိုင်စေရန် ရည်ရွယ်၍ ကုမ္ပဏီဆိုင်ရာအချက်အလက်များစစ်ဆေးခြင်း၊ နှစ်စဉ်အစီရင်ခံစာစစ်ဆေးခြင်း၊ လုပ်ငန်းရည်ရွယ် ချက်များစစ်ဆေးခြင်း၊ ဒါရိုက်တာအချက်အလက်များစစ်ဆေးခြင်းနှင့် ကုမ္ပဏီများအနေဖြင့် လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများကို သိရှိနားလည်စေရန် အသိပညာပေးဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများမှ မေးမြန်းသည်များကို ရှင်းလင်းဖြေကြားခဲ့ပါသည်။

စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်များကြီးကြပ်ရေးအဖွဲ့၏ ကွင်းဆင်းစစ်ဆေးခြင်း 

စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကြီးကြပ်ရေးအဖွဲ့မှ တာဝန်ရှိပုဂ္ဂိုလ် များပါဝင်သော စစ်ဆေးရေးအဖွဲ့သည် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်အတွင်းရှိ IPP(BOO) စနစ်ဖြင့် ၃၀ မဂ္ဂါဝပ် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ တည်ဆောက်၍ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရောင်းချခြင်း လုပ်ငန်းဆောင်ရွက်နေသော Shwebo Investment Holdings Limited အား ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက်နေ့တွင် Video Conferencing စနစ်ကိုအသုံးပြု၍ တွေ့ဆုံခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။

Stakeholders’ Meeting

(၁၀-၂-၂၀၂၀)ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး ၊ ဘက်စုံသုံး အစည်းအဝေးခန်းမ၌ စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုပြပွဲ အောင်မြင်စွာကျင်းပနိုင်ရေး “Stakeholders’ Meeting” ကျင်းပ ပြုလုပ်ခဲ့ပြီး ၊ အစည်းအဝေးသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ DICA မှ ဒုတိယ ညွှန်ကြားရေးမှူးချုပ်နှင့် ဝန်ထမ်းများ၊ တိုင်းအဆင့်ဌာနဆိုင်ရာများ၊ Myanmar Survey Research Co.ltd နှင့် စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

Myanmar Evergreen Forestry Co.,Ltd.

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် ပတ္တမြားရပ်ကွက်၊ စစ်ကိုင်းမြို့နယ်တွင် ယူကလစ်ကိုအသုံးပြု၍ အထပ်သားနှင့် သစ်အချောထည်ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသော Myanmar Evergreen Forestry Co.,Ltd.သို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနနှင့် မြန်မာ့သစ် လုပ်ငန်းတို့မှ တာဝန်ရှိပုဂ္ဂိုလ်များပါဝင်သည့် ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် သွားရောက်စစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။

Great Unity Co.,Ltd.

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် ပတ္တမြား ကျေးရွာအုပ်စု၊ စစ်ကိုင်းမြို့နယ်တွင် သြဂဲနစ်မြေသြဇာနှင့် မြေသြဇာအမျိုးမျိုး ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသော Great Unity Co.,Ltd.သို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနနှင့် အလုပ်သမားညွှန်ကြားရေးဦးစီးဌာနတို့မှ တာဝန်ရှိ ပုဂ္ဂိုလ်များ ပါဝင်သည့် ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် ၂၀၂၀ ပြည့်နှစ်ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် သွားရောက်စစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။

Meeting (1/2020)

(၃၀-၁-၂၀၂၀) ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏ (၁/၂၀၂၀) ကြိမ်မြောက် အစည်းအဝေးကို ကျင်းပခဲ့ပြီး ရာခိုင်နှုန်းပြည့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု အတည်ပြု လျှောက်ထားလွှာ (၁)ခုအား လုပ်ငန်းဆောင်ရွက်ခွင့်နှင့် အတည်ပြုမိန့် ထုတ်ပေးရန် ဆွေးနွေးဆုံးဖြတ်ခဲ့ကြ ပါသည်။

Investment Survey

(၂၈-၁-၂၀၂၀) ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌ မြန်မာ ဆာဗေးသုတေသနအဖွဲ့မှ စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်း စာတမ်းသုတေသန ဆောင်ရွက်ထားရှိမှုနှင့် ရင်းနှီးမြှုပ်နှံမှု ပြပွဲ ပြသနိုင်ရေးအစီအစဉ်များနှင့် စပ်လျဉ်း၍ လာရောက်တင်ပြခြင်းအပေါ်ညှိနှိုင်းဆွေးနွေးခဲ့ပါသည်။

MSDP Project Bank

(၂၃-၁-၂၀၂၀)ရက်နေ့တွင် မုံရွာမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သည့် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း(MSDP) စီမံကိန်းဘဏ်(Project Bank)ဆိုင်ရာ ရှင်းလင်းဆွေးနွေးပွဲနှင့် စီမံကိန်းအဆိုပြုလွှာပုံစံ ဖြည့်စွက်ခြင်းဆိုင်ရာသင်တန်းသို့ တိုင်းဦးစီးမှူးနှင့်ဝန်ထမ်းများ တက်ရောက်ဆွေးနွေးခဲ့ပါသည်။

Industry Talk about International Trade Center-ITC

(၂၄-၁-၂၀၂၀)ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ International Trade Center-ITC မှ မြန်မာကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုစီမံကိန်း ရေးဆွဲနိုင်ရေးအတွက် ကျင်းပပြုလုပ်ခဲ့သည့် အလုပ်ရုံ ဆွေးနွေးပွဲများ၏ ရလဒ်များအပေါ် ပြန်လည်သုံးသပ်ခြင်းနှင့် လိုအပ်ချက်များ ညှိနှိုင်းဖြည့်စွက်ခြင်း အစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး မဟာဗျူဟာ အဖွဲ့ဝင်များ ၊ တိုင်းအဆင့်ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများ၊ စီးပွားရေး လုပ်ငန်းရှင်များ တက်ရောက် ဆွေးနွေးခဲ့ ပါသည်