Seminar on capacity building for Public-Private Partnership

(၁၄/၁၅-၁-၂၀၂၀)ရက်နေ့များတွင် နေပြည်တော်၊ ရုံးအမှတ်(၃၂) ၌ ကျင်းပပြုလုပ်သည့် Seminar on capacity building for Public-Private Partnership (PPP) အလုပ်ရုံဆွေးနွေးပွဲသို့ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဦးစီးအရာရှိ တက်ရောက်ခဲ့ပါသည်။

(10/2019) Meeting

(၂၃-၁၂-၂၀၁၉) ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏ (၁၀/၂၀၁၉) ကြိမ်မြောက် အစည်းအဝေးကို ကျင်းပခဲ့ပြီး ရာခိုင်နှုန်းပြည့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု အတည်ပြု လျှောက်ထားလွှာ (၁)ခုအား လုပ်ငန်းဆောင်ရွက်ခွင့်နှင့် အတည်ပြုမိန့် ထုတ်ပေးရန် ဆွေးနွေး ဆုံးဖြတ်ခဲ့ကြပါသည်။

International Trade Center – Day 2

(၈.၁၁.၂၀၁၉)ရက်နေ့တွင် မုံရွာမြို့၊ Win Unity Hotel၌ International Trade Center-ITC မှ UK Department for International Development ၏ အထောက်အပံ့ဖြင့် မြန်မာကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုစီမံကိန်း ရေးဆွဲနိုင်ရေး အလုပ်ရုံဆွေးနွေးပွဲ ဒုတိယနေ့အားကျင်းပပြုလုပ်ခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးမဟာဗျူဟာအဖွဲ့ဝင်များ၊ တိုင်းအဆင့်ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများ၊ စီးပွားရေး လုပ်ငန်းရှင်များ တက်ရောက်ဆွေးနွေးခဲ့ပါသည်။

International Trade Center – Day 1

(၇.၁၁.၂၀၁၉)ရက်နေ့တွင် မုံရွာမြို့၊ Win Unity Hotel၌ International Trade Center-ITC မှ UK Department for International Development ၏ အထောက်အပံ့ဖြင့် မြန်မာကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုစီမံကိန်း ရေးဆွဲနိုင်ရေး အလုပ်ရုံဆွေးနွေးပွဲ ပထမနေ့အားကျင်းပပြုလုပ်ခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးမဟာဗျူဟာအဖွဲ့ဝင်များ၊ တိုင်းအဆင့်ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများ၊ စီးပွားရေး လုပ်ငန်းရှင်များ တက်ရောက်ဆွေးနွေးခဲ့ပါသည်။

9/2019

(၂၉-၁၀-၂၀၁၉) ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏ (၉/၂၀၁၉) ကြိမ်မြောက်အစည်းအဝေးကို ကျင်းပခဲ့ပြီး ရာခိုင်နှုန်းပြည့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု အတည်ပြုလျှောက် ထားလွှာ(၁)ခုအား လုပ်ငန်းဆောင်ရွက်ခွင့်နှင့် အတည်ပြုမိန့် ထုတ်ပေးရန် ဆွေးနွေးဆုံးဖြတ်ခဲ့ကြပါသည်။

Pre-conference

(၂၂.၁၀.၂၀၁၉)ရက်နေ့တွင်စစ်ကိုင်းတိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ International Trade Center-ITC မှ UK Department for International Development ၏ အထောက်အပံ့ဖြင့် မြန်မာကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုစီမံကိန်း ရေးဆွဲနိုင်ရေး အကြိုဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ရာ စစ်ကိုင်းတိုင်း ဒေသကြီး ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးမဟာဗျူဟာအဖွဲ့ဝင်များတက်ရောက် ဆွေးနွေးခဲ့ပါသည်။  

8/2019 Meeting

(၃၀-၉-၂၀၁၉) ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၈/၂၀၁၉) ကြိမ်မြောက် အစည်းအဝေးကို ကျင်းပခဲ့ပြီး ရာခိုင်နှုန်းပြည့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု အတည်ပြုလျှောက်ထားလွှာ (၁) ခုအား လုပ်ငန်းဆောင်ရွက်ခွင့်နှင့် အတည်ပြုမိန့်ထုတ်ပေးရန် ဆွေးနွေးဆုံးဖြတ်ခဲ့ကြပါသည်။

Investment Opportunity Meeting

(၂၈.၉.၂၀၁၉) ရက်နေ့တွင် ရွှေဘိုမြို့ စက်မှုဇုန်အစည်းအဝေးခန်းမ၌ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဉီးစီးဌာနမှ ဉီးဆောင်ကာ ” ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ ဆွေးနွေးပွဲ အခမ်းအနား ” ကို ကျင်းပပြုလုပ်ခဲ့ပြီး လုပ်ငန်းရှင်များမှ တင်ပြလာသော အခက်အခဲများနှင့် သိရှိလိုသည်များအား ပြန်လည်ရှင်းလင်း ဖြေကြား ပေးခဲ့ကြပါသည်။ အခမ်းအနားသို့ ရွှေဘိုနှင့် ဝက်လက်မြို့နယ်များမှ လုပ်ငန်းရှင်များ စက်မှုဇုန်လုပ်ငန်းစုများမှ ကိုယ်စားလှယ်များ စုစုပေါင်း (၆၀) ခန့် တက်ရောက်ခဲ့ကြပါသည်။

Consultative workshop

(၂၆.၉.၂၀၁၉) ရက်နေ့တွင် ရန်ကုန်မြို့ ၊ ဆူးလေ ရှန်ဂရီလာဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့သည့် Consultative Workshop on Standard Operating Procedure (SOP) for State and Region Investment Endorsement သို့ တိုင်းဒေသကြီးဉီးစီးမှူးရုံးမှ ကိုယ်စားလှယ်အရာရှိတစ်ဉီး တက်ရောက်ခဲ့ပါသည်။

ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ ဆွေးနွေးပွဲ အခမ်းအနား

ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ ဆွေးနွေးပွဲ အခမ်းအနား ( ၁၉.၉.၂၀၁၉ ) ရက်နေ့တွင် ဟုမ္မလင်းမြို့နယ် ၊ နမ့်တောကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားရေးမှူးဦးစီးဌာနမှ ဦးဆောင်ကာ “ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ ဆွေးနွေးပွဲ အခမ်းအနား”ကို ကျင်းပပြုလုပ်ခဲ့ပြီး လုပ်ငန်းရှင်များမှ တင်ပြလာသော အခက်အခဲများနှင့် သိရှိလိုသည်များအား ပြန်လည်ရှင်းလင်း ဖြေရှင်းခဲ့ကြပြီး အခမ်းအနားသို့ ဟုမ္မလင်းခရိုင်အဆင့် ဆက်စပ်ဌာနဆိုင်ရာများနှင့် လုပ်ငန်းရှင်များ (၁၀၀) ကျော် တက်ရောက် ခဲ့ကြပါသည်။