Field Trip

ကွင်းဆင်းစစ်ဆေးခြင်း စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ အတည်ပြုမိန့်ဖြင့် စစ်ကိုင်းတိုင်းဒေသကြီး ၊ ချောင်းဦးမြို့တွင် သီးနှံမျိုးစုံ အခြောက်ခံခြင်း ၊ အဆင့်မြင့်သန့်စင်ရွေးချယ်ခြင်း ၊ ဆန်စပါးကြိတ်ခွဲ ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်း ဆောင်ရွက်နေသော Aung Nagani Co., Ltd. သို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဉီးစီးဌာန ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဉီးစီးဌာန ၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း ၊ အလုပ်သမားညွှန်ကြားရေးဉီးစီးဌာနနှင့် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဉီးစီးဌာနတို့မှ တာဝန်ရှိပုဂ္ဂိုလ်များ ပါဝင်သည့် ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် ၂၀၁၉ ခုနှစ် ၊ စက်တင်ဘာလ (၂၅) ရက်နေ့တွင် သွားရောက်စစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညိှနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။

ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ ဆွေးနွေးပွဲ အခမ်းအနား

ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ ဆွေးနွေးပွဲ အခမ်းအနား ( ၁၉.၉.၂၀၁၉ ) ရက်နေ့တွင် ဟုမ္မလင်းမြို့နယ် ၊ နမ့်တောကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားရေးမှူးဦးစီးဌာနမှ ဦးဆောင်ကာ “ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ ဆွေးနွေးပွဲ အခမ်းအနား”ကို ကျင်းပပြုလုပ်ခဲ့ပြီး လုပ်ငန်းရှင်များမှ တင်ပြလာသော အခက်အခဲများနှင့် သိရှိလိုသည်များအား ပြန်လည်ရှင်းလင်း ဖြေရှင်းခဲ့ကြပြီး အခမ်းအနားသို့ ဟုမ္မလင်းခရိုင်အဆင့် ဆက်စပ်ဌာနဆိုင်ရာများနှင့် လုပ်ငန်းရှင်များ (၁၀၀) ကျော် တက်ရောက် ခဲ့ကြပါသည်။

Myanmar Global Investment Forum

Myanmar Global Investment Forum (၁၁.၉.၂၀၁၉) ရက်နေ့တွင် နေပြည်တော် MICC2 ၌ ကျင်းပလျှက်ရှိသော Myanmar Global Investment Forum သို့ တိုင်းဒေသကြီး စီမံကိန်းနှင့် ဘရေးဝန်ကြီးမှ တက်ရောက်ကာ စစ်ကိုင်းတိုင်းဒေသကြီး၏ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများအား ဖိတ်ခေါ်ဆွေးနွေးခဲ့ပါသည်။