(၂၈.၉.၂၀၁၉) ရက်နေ့တွင် ရွှေဘိုမြို့ စက်မှုဇုန်အစည်းအဝေးခန်းမ၌ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဉီးစီးဌာနမှ ဉီးဆောင်ကာ ” ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ ဆွေးနွေးပွဲ အခမ်းအနား ” ကို ကျင်းပပြုလုပ်ခဲ့ပြီး လုပ်ငန်းရှင်များမှ တင်ပြလာသော အခက်အခဲများနှင့် သိရှိလိုသည်များအား ပြန်လည်ရှင်းလင်း ဖြေကြား ပေးခဲ့ကြပါသည်။ အခမ်းအနားသို့ ရွှေဘိုနှင့် ဝက်လက်မြို့နယ်များမှ လုပ်ငန်းရှင်များ စက်မှုဇုန်လုပ်ငန်းစုများမှ ကိုယ်စားလှယ်များ စုစုပေါင်း (၆၀) ခန့် တက်ရောက်ခဲ့ကြပါသည်။