ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ ဆွေးနွေးပွဲ အခမ်းအနား

ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ ဆွေးနွေးပွဲ အခမ်းအနား ( ၁၉.၉.၂၀၁၉ ) ရက်နေ့တွင် ဟုမ္မလင်းမြို့နယ် ၊ နမ့်တောကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားရေးမှူးဦးစီးဌာနမှ ဦးဆောင်ကာ “ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ ဆွေးနွေးပွဲ အခမ်းအနား”ကို ကျင်းပပြုလုပ်ခဲ့ပြီး လုပ်ငန်းရှင်များမှ တင်ပြလာသော အခက်အခဲများနှင့် သိရှိလိုသည်များအား ပြန်လည်ရှင်းလင်း ဖြေရှင်းခဲ့ကြပြီး အခမ်းအနားသို့ ဟုမ္မလင်းခရိုင်အဆင့် ဆက်စပ်ဌာနဆိုင်ရာများနှင့် လုပ်ငန်းရှင်များ (၁၀၀) ကျော် တက်ရောက် ခဲ့ကြပါသည်။

Order 11/2017

(က) စစ်ကိုင်းတိုင်း ဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီမှ နိုင်ငံခြားငွေ ဒေါ်လာငွေ (၅) သန်း ၊ မြန်မာငွေကျပ်သန်း (၆၀၀၀) အထိ ရှိသော ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအား တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ ခွင့်ပြုမိန့်ဖြင့်လုပ်ငန်းဆောင်ရွက်ခွင့်များ ရရှိနေပြီ ဖြစ်သည်။ (ခ) ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်းတာဝန်ပေးအပ်ခြင်း။ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့ကို (၂၈.၁၂.၂၀၁၇) ရက်နေ့တွင် ကျင်းပပြုလုပ်သော တိုင်းဒေသကြီး အစိုးရအဖွဲ့၏ cabinet အစည်းအဝေး အမှတ်စဉ် (၂၄ / ၂၀၁၇) ဆုံးဖြတ်ချက် (၄၂) အရ စီမံ / ဘဏ္ဍာရေး ဝန်ကြီးမှ အဖွဲ့ခေါင်းဆောင်နှင့် အဖွဲ့ဝင် (၁၂) ဦးဖြင့် ဖွဲ့စည်းနိုင်ခဲ့ပါသည်။ (ဂ) Read more…