ကွင်းဆင်းစစ်ဆေးခြင်း

စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ အတည်ပြုမိန့်ဖြင့် စစ်ကိုင်းတိုင်းဒေသကြီး ၊ ချောင်းဦးမြို့တွင် သီးနှံမျိုးစုံ အခြောက်ခံခြင်း ၊ အဆင့်မြင့်သန့်စင်ရွေးချယ်ခြင်း ၊ ဆန်စပါးကြိတ်ခွဲ ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်း ဆောင်ရွက်နေသော Aung Nagani Co., Ltd. သို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဉီးစီးဌာန ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဉီးစီးဌာန ၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း ၊ အလုပ်သမားညွှန်ကြားရေးဉီးစီးဌာနနှင့် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဉီးစီးဌာနတို့မှ တာဝန်ရှိပုဂ္ဂိုလ်များ ပါဝင်သည့် ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် ၂၀၁၉ ခုနှစ် ၊ စက်တင်ဘာလ (၂၅) ရက်နေ့တွင် သွားရောက်စစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညိှနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။