မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ (၂၀၁၇) အရသတ်မှတ်ဖော်ပြထားသည့်အခကြေးငွေများ ပြင်ဆင်သတ်မှတ်ခြင်း ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနသည် ၂၀၁၈ ခုနှစ် ဇူလိုင်လ ၉ ရက်နေ့ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၅၇/၂၀၁၈) ဖြင့် မြန်မာနိုင်ငံ ကုမ္ပဏီများဥပဒေ (၂၀၁၇) အရ သတ်မှတ်ဖော်ပြထားသည့် အခကြေးငွေနှင့် နှောင့်နှေးသည့် ပေးပို့တင်ပြခြင်းအတွက် နောက်ကျကြေးအား သတ်မှတ်ထုတ်ပြန်ခဲ့ပါသည်။ အဆိုပါ အမိန့်ကြော်ငြာစာ၏ နောက်ဆက်တွဲဇယား (၁) တွင် သတ်မှတ်ဖော်ပြထားသော အခကြေးငွေများအနက် အောက်ဖော်ပြပါပုံစံများနှင့်စပ်လျဉ်းသည့် အခကြေးငွေများအား ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့မှစတင်၍ အောက်ဖော်ပြပါအတိုင်း ပြင်ဆင်သတ်မှတ် လိုက်ကြောင်း အသိပေးကြေညာအပ်ပါသည်- (က) အစုရှယ်ယာများဖြင့် ကန့်သတ်ထားသည့် အများနှင့်မသက်ဆိုင်သည့်ကုမ္ပဏီ ဖွဲ့စည်းတည်ထောင်ခြင်း လျှောက်လွှာ (ပုံစံက-၁) အတွက် အခကြေးငွေအား ကျပ် ၂၅၀,၀၀၀ မှ ကျပ် ၁၅၀,၀၀၀။ (ခ) ခံဝန်ချက်အားဖြင့် တာဝန်ကန့်သတ်ထားသည့်ကုမ္ပဏီ ဖွဲ့စည်းတည်ထောင်ခြင်း လျှောက်လွှာ (ပုံစံက-၃) အတွက် အခကြေးငွေအား ကျပ် ၂၅၀,၀၀၀ မှ ကျပ် ၁၅၀,၀၀၀။ (ဂ) တာဝန်ကန့်သတ်မထားသည့်ကုမ္ပဏီ ဖွဲ့စည်းတည်ထောင်ခြင်း လျှောက်လွှာ (ပုံစံက-၄) အတွက် အခကြေးငွေအား ကျပ် ၂၅၀,၀၀၀ မှ ကျပ် ၁၅၀,၀၀၀။ (ဃ) ၁၉၅၀ ခုနှစ် အထူးကုမ္ပဏီများအက်ဥပဒေအရ အစုရှယ်ယာများဖြင့် ကန့်သတ်ထားသည့် အများနှင့် မသက်ဆိုင်သည့်ကုမ္ပဏီ ဖွဲ့စည်းတည်ထောင်ခြင်း လျှောက်လွှာ (ပုံစံက-၆) အတွက် အခကြေးငွေအား ကျပ် ၂၅၀,၀၀၀ မှ ကျပ် ၁၅၀,၀၀၀။ (င) ပြည်ပကော်ပိုရေးရှင်းတစ်ခုအဖြစ် မှတ်ပုံတင်ခြင်း လျှောက်လွှာ (ပုံစံ က-၈) အတွက် အခကြေးငွေအား ကျပ် ၂၅၀,၀၀၀ မှ ကျပ် ၁၅၀,၀၀၀။ (စ) နှစ်စဉ်အစီရင်ခံစာ တင်ပြခြင်းအတွက် အခကြေးငွေအား ကျပ် ၂၀,၀၀၀ မှ ကျပ် ၅၀,၀၀၀။ (ဆ) ပြည်ပကော်ပိုရေးရှင်း၏ နှစ်စဉ်အစီရင်ခံစာ ပေးပို့တင်ပြခြင်း အကြောင်းကြားစာ (ပုံစံ င-၇) အတွက် အခကြေး ငွေအား ကျပ် ၂၀,၀၀၀ မှ ကျပ် ၅၀,၀၀၀။
Categories: Uncategorized