“MSME စီးပွားရေးလုပ်ငန်း များအတွက်အခြေခံစီမံခန့်ခွဲမှုအလုပ်ရုံဆွေးနွေးပွဲကျင်းပခြင်း

“MSME စီးပွားရေးလုပ်ငန်းများအတွက် အခြေခံစီမံခန့်ခွဲမှု အလုပ်ရုံဆွေးနွေးပွဲကို ၂၀၂၃ ခုနှစ်၊ မတ်လ ၁၀ ရက်နေ့တွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ ကြီးမှူး၍ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ MSME Association of Myanmar (UMFCCI) မှ Secretary ဖြစ်သူ ဦးစိုးဟိန်း အား ဖိတ်ခေါ်၍ Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။

အစည်းအဝေးသို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကျော်မှ အဖွင့်အမှာစကား ပြောကြား ခဲ့ပြီး  ဒေသဆိုင်ရာ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြပါသည်။

Categories: Uncategorized