မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်နှင့် တိုင်းဒေသကြီး/ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီများ၏ ခွင့်ပြုမိန့်/အတည်ပြုမိန့်တို့ဖြင့် လုပ်ငန်းဆောင်ရွက်လျက်ရှိသော ကုမ္ပဏီများအနေဖြင့် အလုပ်သမားများအား အချိန်ပိုဆင်းစေခြင်းနှင့်စပ်လျဉ်း၍ အလုပ်သမား၊ အလုပ်ရုံဥပဒေစစ်ဆေးရေးဦးစီးဌာန၏ သတ်မှတ်ချက်နှင့်အညီ အောက်ပါအချက်များအား သိရှိလိုက်နာဆောင်ရွက်သွားရန် အသိပေးကြေညာအပ်ပါသည်- – အပါတ်စဉ် အချိန်ပို ခွင့်ပြုခြင်းနှင့်စပ်လျဉ်း၍ တနင်္လာနေ့မှ သောကြာနေ့အထိ တစ်နေ့လျှင် ၃ နာရီဖြင့် ၁၅ နာရီ၊ စနေနေ့လျှင် ၅ နာရီ စုစုပေါင်း ရက်သတ္တပတ် ၁ ပတ်လျှင် နာရီ ၂၀ ခွင့်ပြုမည်ဖြစ်ပြီး အလုပ်သမားများ၏ လက်မှတ်မူရင်း ပူးတွဲ တင်ပြရန် လိုအပ်ပါသည်။ – ရက်သတ္တပတ် အလုပ်ပိတ်ရက်ခွင့်ပြုခြင်း (တနင်္ဂနွေနေ့)နှင့်စပ်လျဉ်း၍ အဖွဲ့အစည်း (သို့မဟုတ်) အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီ၏ သိရှိကြောင်း လက်မှတ်မူရင်းနှင့် အလုပ်သမားများ၏ လက်မှတ်မူရင်းများ လိုအပ်ပြီး (၃) ပါတ်ခြား (၄)ပါတ်မြောက်လျှင် တစ်ကြိမ် ခွင့်ပြုမည်ဖြစ်ပါသည်။ – အများပြည်သူ အလုပ်ပိတ်ရက်၌ အချိန်ပိုခွင့်ပြုခြင်းနှင့်စပ်လျဉ်း၍ အဖွဲ့အစည်း(သို့) အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေး ကော်မတီ၏ သိရှိကြောင်း လက်မှတ်မူရင်းနှင့် အလုပ်သမားများ၏ လက်မှတ်မူရင်း ပူးတွဲတင်ပြရန် လိုအပ်ပါသည်။
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်
Categories: Uncategorized