သတင်းများ

ဧပြီ 9, 2024စစ်ကိုင်းတိုင်း ဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁၁/၂၀၂၃) ကြိမ်မြောက် အစည်းအဝေး စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁၁/၂၀၂၃) ကြိမ်မြောက် အစည်းအဝေးကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ စစ်ကိုင်းတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ ကော်မတီအဖွဲ့ဝင်များနှင့် အထူးဖိတ်ကြားထားသည့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးတွင် စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ အတည်ပြုမိန့်ရရှိထားသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း၏ မတည်ငွေရင်းပမာဏအား ပြင်ဆင်ခွင့်ပြုခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးနှင့် လုပ်ငန်းများ အဆင်ပြေချောမွေ့စေရေး ဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။ [...] Read more...
ဧပြီ 9, 2024စစ်ကိုင်းတိုင်း ဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁၀/၂၀၂၃) ကြိမ်မြောက်အစည်းအဝေး စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁၀/၂၀၂၃) ကြိမ်မြောက် အစည်းအဝေးကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ စစ်ကိုင်းတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ ကော်မတီအဖွဲ့ဝင်များနှင့် အထူးဖိတ်ကြားထားသည့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးတွင် စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကြီးကြပ်ရေးအဖွဲ့က ကွင်းဆင်း ဝန်ဆောင်မှုပေးခဲ့သည့်လုပ်ငန်းအပေါ် ဆွေးနွေးခြင်းကို ဆောင်ရွက်ခဲ့ကြပါသည်။ [...] Read more...
ဇွန် 15, 2023စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၅ /၂၀၂၃) ကြိမ်မြောက် အစည်းအဝေးကို        ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၃ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌ ကျင်းပပြုလုပ် ခဲ့ပါသည်။ အစည်းအဝေးသို့ စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ ကော်မတီအဖွဲ့ဝင်များနှင့် အထူးဖိတ်ကြားထားသည့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးတွင် စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီသည် စက်မှုကဏ္ဍတွင် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၁) ခုကို အတည်ပြု ပေးခဲ့ပါသည်။ အဆိုပါရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသည် ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်း ၁၀၀ ကျော် ဖန်တီးပေးနိုင်မည် ဖြစ်ပါသည်။ [...] Read more...
အောက်တိုဘာ 3, 2019မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်နှင့် တိုင်းဒေသကြီး/ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီများ၏ ခွင့်ပြုမိန့်/အတည်ပြုမိန့်တို့ဖြင့် လုပ်ငန်းဆောင်ရွက်လျက်ရှိသော ကုမ္ပဏီများအနေဖြင့် အလုပ်သမားများအား အချိန်ပိုဆင်းစေခြင်းနှင့်စပ်လျဉ်း၍ အလုပ်သမား၊ အလုပ်ရုံဥပဒေစစ်ဆေးရေးဦးစီးဌာန၏ သတ်မှတ်ချက်နှင့်အညီ အောက်ပါအချက်များအား သိရှိလိုက်နာဆောင်ရွက်သွားရန် အသိပေးကြေညာအပ်ပါသည်- – အပါတ်စဉ် အချိန်ပို ခွင့်ပြုခြင်းနှင့်စပ်လျဉ်း၍ တနင်္လာနေ့မှ သောကြာနေ့အထိ တစ်နေ့လျှင် ၃ နာရီဖြင့် ၁၅ နာရီ၊ စနေနေ့လျှင် ၅ နာရီ စုစုပေါင်း ရက်သတ္တပတ် ၁ ပတ်လျှင် နာရီ ၂၀ ခွင့်ပြုမည်ဖြစ်ပြီး အလုပ်သမားများ၏ လက်မှတ်မူရင်း ပူးတွဲ တင်ပြရန် လိုအပ်ပါသည်။ – ရက်သတ္တပတ် အလုပ်ပိတ်ရက်ခွင့်ပြုခြင်း (တနင်္ဂနွေနေ့)နှင့်စပ်လျဉ်း၍ အဖွဲ့အစည်း (သို့မဟုတ်) အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီ၏ သိရှိကြောင်း လက်မှတ်မူရင်းနှင့် အလုပ်သမားများ၏ လက်မှတ်မူရင်းများ လိုအပ်ပြီး (၃) ပါတ်ခြား (၄)ပါတ်မြောက်လျှင် တစ်ကြိမ် ခွင့်ပြုမည်ဖြစ်ပါသည်။ – အများပြည်သူ အလုပ်ပိတ်ရက်၌ အချိန်ပိုခွင့်ပြုခြင်းနှင့်စပ်လျဉ်း၍ အဖွဲ့အစည်း(သို့) အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေး ကော်မတီ၏ သိရှိကြောင်း လက်မှတ်မူရင်းနှင့် အလုပ်သမားများ၏ လက်မှတ်မူရင်း ပူးတွဲတင်ပြရန် လိုအပ်ပါသည်။ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် [...] Read more...
စက်တင်ဘာ 20, 2019မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ (၂၀၁၇) အရသတ်မှတ်ဖော်ပြထားသည့်အခကြေးငွေများ ပြင်ဆင်သတ်မှတ်ခြင်း ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနသည် ၂၀၁၈ ခုနှစ် ဇူလိုင်လ ၉ ရက်နေ့ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၅၇/၂၀၁၈) ဖြင့် မြန်မာနိုင်ငံ ကုမ္ပဏီများဥပဒေ (၂၀၁၇) အရ သတ်မှတ်ဖော်ပြထားသည့် အခကြေးငွေနှင့် နှောင့်နှေးသည့် ပေးပို့တင်ပြခြင်းအတွက် နောက်ကျကြေးအား သတ်မှတ်ထုတ်ပြန်ခဲ့ပါသည်။ အဆိုပါ အမိန့်ကြော်ငြာစာ၏ နောက်ဆက်တွဲဇယား (၁) တွင် သတ်မှတ်ဖော်ပြထားသော အခကြေးငွေများအနက် အောက်ဖော်ပြပါပုံစံများနှင့်စပ်လျဉ်းသည့် အခကြေးငွေများအား ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့မှစတင်၍ အောက်ဖော်ပြပါအတိုင်း ပြင်ဆင်သတ်မှတ် လိုက်ကြောင်း အသိပေးကြေညာအပ်ပါသည်- (က) အစုရှယ်ယာများဖြင့် ကန့်သတ်ထားသည့် အများနှင့်မသက်ဆိုင်သည့်ကုမ္ပဏီ ဖွဲ့စည်းတည်ထောင်ခြင်း လျှောက်လွှာ (ပုံစံက-၁) အတွက် အခကြေးငွေအား ကျပ် ၂၅၀,၀၀၀ မှ ကျပ် ၁၅၀,၀၀၀။ (ခ) ခံဝန်ချက်အားဖြင့် တာဝန်ကန့်သတ်ထားသည့်ကုမ္ပဏီ ဖွဲ့စည်းတည်ထောင်ခြင်း လျှောက်လွှာ (ပုံစံက-၃) အတွက် အခကြေးငွေအား ကျပ် ၂၅၀,၀၀၀ မှ ကျပ် ၁၅၀,၀၀၀။ (ဂ) တာဝန်ကန့်သတ်မထားသည့်ကုမ္ပဏီ ဖွဲ့စည်းတည်ထောင်ခြင်း လျှောက်လွှာ (ပုံစံက-၄) အတွက် အခကြေးငွေအား ကျပ် ၂၅၀,၀၀၀ မှ ကျပ် ၁၅၀,၀၀၀။ (ဃ) ၁၉၅၀ ခုနှစ် အထူးကုမ္ပဏီများအက်ဥပဒေအရ အစုရှယ်ယာများဖြင့် ကန့်သတ်ထားသည့် အများနှင့် မသက်ဆိုင်သည့်ကုမ္ပဏီ ဖွဲ့စည်းတည်ထောင်ခြင်း လျှောက်လွှာ (ပုံစံက-၆) အတွက် အခကြေးငွေအား ကျပ် ၂၅၀,၀၀၀ မှ ကျပ် ၁၅၀,၀၀၀။ (င) ပြည်ပကော်ပိုရေးရှင်းတစ်ခုအဖြစ် မှတ်ပုံတင်ခြင်း လျှောက်လွှာ (ပုံစံ က-၈) အတွက် အခကြေးငွေအား ကျပ် ၂၅၀,၀၀၀ မှ ကျပ် ၁၅၀,၀၀၀။ (စ) နှစ်စဉ်အစီရင်ခံစာ တင်ပြခြင်းအတွက် အခကြေးငွေအား ကျပ် ၂၀,၀၀၀ မှ ကျပ် ၅၀,၀၀၀။ (ဆ) ပြည်ပကော်ပိုရေးရှင်း၏ နှစ်စဉ်အစီရင်ခံစာ ပေးပို့တင်ပြခြင်း အကြောင်းကြားစာ (ပုံစံ င-၇) အတွက် အခကြေး ငွေအား ကျပ် ၂၀,၀၀၀ မှ ကျပ် ၅၀,၀၀၀။ [...] Read more...
ဇွန် 3, 2018(က) စစ်ကိုင်းတိုင်း ဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီမှ နိုင်ငံခြားငွေ ဒေါ်လာငွေ (၅) သန်း ၊ မြန်မာငွေကျပ်သန်း (၆၀၀၀) အထိ ရှိသော ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအား တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ ခွင့်ပြုမိန့်ဖြင့်လုပ်ငန်းဆောင်ရွက်ခွင့်များ ရရှိနေပြီ ဖြစ်သည်။ (ခ) ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်းတာဝန်ပေးအပ်ခြင်း။ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့ကို (၂၈.၁၂.၂၀၁၇) ရက်နေ့တွင် ကျင်းပပြုလုပ်သော တိုင်းဒေသကြီး အစိုးရအဖွဲ့၏ cabinet အစည်းအဝေး အမှတ်စဉ် (၂၄ / ၂၀၁၇) ဆုံးဖြတ်ချက် (၄၂) အရ စီမံ / ဘဏ္ဍာရေး ဝန်ကြီးမှ အဖွဲ့ခေါင်းဆောင်နှင့် အဖွဲ့ဝင် (၁၂) ဦးဖြင့် ဖွဲ့စည်းနိုင်ခဲ့ပါသည်။ (ဂ) ရင်းနှီးမြှုပ်နှံမှု ခွင့်ပြုမိန့် ၊ အတည်ပြုမိန့် လျှောက်ထားခြင်းနှင့် မှတ်ပုံတင်ခြင်းဆိုင်ရာ ကိစ္စရပ်များအား အသေးစိတ်သိရှိလိုပါက ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီဌာန၏ ဝက်ဆိုဒ်ဖြစ်သော www.dica.gov.mm တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။ [...] Read more...

မီဒီယာ

အစီရင်ခံစာများ

ဇန်နဝါရီ 24, 2023မြန်မာနိုင်ငံကုမ္ပဏီများဥပဒေနှင့် အီလက်ထရောနစ်ကုမ္ပဏီမှတ်ပုံတင် MYCO စနစ်အသုံးပြုပုံနှင့်စပ်လျဉ်း၍ အသိပညာပေးဆွေးနွေးခြင်း မြန်မာနိုင်ငံကုမ္ပဏီများဥပဒေနှင့် အီလက်ထရောနစ်ကုမ္ပဏီမှတ်ပုံတင်စနစ် (Myanmar Companies Online – MyCO) အသုံးပြုပုံနှင့် စပ်လျဉ်းသည့် အသိပညာပေးဆွေးနွေးပွဲကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက်နေ့တွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်း ဒေသကြီးဦးစီးမှူးရုံး၌ ကျင်းပခဲ့ရာ ဌာနဆိုင်ရာများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။ ဆွေးနွေးပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ညွှန်ကြားရေးမှူး ဒေါ်မေမျိုးဇော်က ဌာနဆိုင်ရာများအနေဖြင့် တင်ဒါများခေါ်ယူရာတွင် ကိုယ်တိုင်စစ်ဆေးနိုင်စေရန် ရည်ရွယ်၍ ကုမ္ပဏီဆိုင်ရာအချက်အလက်များစစ်ဆေးခြင်း၊ နှစ်စဉ်အစီရင်ခံစာစစ်ဆေးခြင်း၊ လုပ်ငန်းရည်ရွယ် ချက်များစစ်ဆေးခြင်း၊ ဒါရိုက်တာအချက်အလက်များစစ်ဆေးခြင်းနှင့် ကုမ္ပဏီများအနေဖြင့် လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများကို သိရှိနားလည်စေရန် အသိပညာပေးဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများမှ မေးမြန်းသည်များကို ရှင်းလင်းဖြေကြားခဲ့ပါသည်။ [...] Read more...
ဖေ‌ဖော်ဝါရီ 23, 2020စစ်ကိုင်းတိုင်းဒေသကြီး၏၂၀၁၈-၂၀၁၉မြေအသုံးချမှုအခြေအနေ (က) စစ်ကိုင်းတိုင်းဒေသကြီး၏မြေအသုံးချမှုအခြေအနေ စဉ် မြေအမျိုးအစား ဧရိယာ (၁) အသားတင်စိုက်ပျိုးမြေဧရိယာ ၄၆၁၈၀၇၅ (ဧက) (ကက) လယ် ၁၇၇၈၉၆၅ (ဧက) (ခခ) ယာ ၂၃၈၅၆၇၅(ဧက) (ဂဂ) ကိုင်း/ ကျွန်း ၃၇၀၄၁၅ (ဧက) (ဃဃ) ဥယျာဉ် ၄၈၆၈၄(ဧက) (ငင) တောင်ယာ ၃၄၃၃၆ (ဧက) (၂) လှပ်မြေဧရိယာ ၃၂၇၈၀ (ဧက) (ကက) လယ် ၂၇၅၃(ဧက) (ခခ) ယာ ၂၉၀၄၂ (ဧက) (ဂဂ) ကိုင်း/ ကျွန်း ၉၅၇(ဧက) (ဃဃ) ဉယျာဉ် ၂၈ (ဧက) (၃) စားကျက်မြေ ၁၇၇၇၅ (ဧက) (၄) စက်မှုလုပ်ငန်းသုံးမြေ ၅၅၀၁၄ (ဧက) (၅) မြို့ရွာ ၃၀၀၃၄ (ဧက) (၆) ရွာမြေ ၁၅၇၀၁၂ (ဧက) (၇) အခြားမြေ ၃၈၃၉၁၆၇ (ဧက) (၈) ကြိုးဝိုင်း/ ကြိုးပြင်ကာကွယ်တော ၉၂၉၃၉၂၄ (ဧက) (၉) တောရိုင်း ၃၇၅၆၃၁၁ (ဧက) (၁၀) မြေရိုင်း ၂၃၉၆၈၃ (ဧက) (၁၁) စိုက်ပျိုးခြင်းမပြုနိုင်သောမြေ ၁၁၁၄၆၀၇ (ဧက) စုစုပေါင်း ၂၃၁၅၄၃၈၂ (ဧက) [...] Read more...